BEC-TERO TV

စိတ်မထားတတ်ရင် အကယ်ဒမီဆုက အနှောက်အယှက်ဖြစ်စေတယ်ဆိုတဲ့ နေတိုး

17 Mar 2017     1,539 Views


အကယ်ဒမီ နေတိုးက အကယ်ဒမီဆုက အနုပညာသမားတစ်ယောက်ရဲ့ ဘ၀မှာအောင်မြင်မှုမှတ်တိုင်တခုလို့ မှတ်ယူလို့ ရပေမယ့်စိတ်မထားတက်ရင်အနှောက်အယှက်ဖြစ်စေပါတယ်လို့ ပြောထားပါတယ် ။ လူတစ်ယောက်ကအကယ်ဒမီဘယ်နှဆုပဲ ရရ ဘယ်လိုပဲ အောင်မြင်မှုပန်းတိုင်တွေ စိုက်ခဲ့ စိုက်ခဲ့ဘ၀မှာအမြဲတမ်းကြိုးစားရုံးကန်နေရမယ် လေ့လာနေရမယ် ။

အနုပညာဆိုတာကလေ့လာလို့ပြီးဆုံးတယ်ဆိုတာ မရှိဘူး ကိုယ့် စိတ်က ပြီး ဆုံးတယ် လို့သတ်မှတ်မှသာ ပြီးဆုံးတာပါ လို့ သူရဲ့ ခံယူချက်ကို ပြောပြထားပါတယ် ။ ကိုယ်ပုံမှန်ရိုက်ခဲ့ တဲ့ ဇာတ်ကားတွေသာမကအကယ်ဒမီ ဆု ရခဲ့ တဲ့ ဇာတ်ကားတွေကိုပါ ပြန်ကြည့်ရင်တော့ အမြဲတမ်းလိုအပ်ချက်တွေကို ပြန်တွေ့နေရပြီး ကိုယ့်ကိုကိုယ်တော်လှပြီ၊ တက်လှပြီဆိုပြီး လေ့လာမှုရပ်ဆိုင်းလိုက်မယ်ဆိုရင်တော့ တချိန်မှာ ကျဆုံးမှာပါ ။

အကယ်ဒမီဆုက ကျွန်တော့ အတွက်ခံစားမှုသိပ်မရှိပေမယ့် ပရိတ်သတ်အတွက်တော့ အမှတ်တရတစ်ခုဖြစ်စေတာပေါ့ ဆုရတိုင်းပြောဖြစ်တဲ့ စကားတွေကို ပြန်နားထောင်ကြည့်ရင် ပရိတ်သတ်တွေလည်း သိမှာပါ ဆုရပြီးတာနဲံ ဒါကို မေ့ထားပြီး ဆက်ကြိုးစားရမှာပါ ။ အကယ်ဒမီဆိုတဲ့ အရိပ်ကြီးပါ မနေတက်ရင်တော့ စိတ်ထဲမှာအလုပ်လုပ်ရတာ သိပ်မရှင်းဘူး လို့ ပြောသွားခဲ့ ပါတယ် ။

Credit:The voice


17 Mar 2017     1,539 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment