BEC-TERO TV

သတင်းမှားတွေအတွက် ဖေ့စ်ဘုတ်ခ်နဲ့ တွစ်တာကို ဒေါ်လာ ၅၃ သန်း ဒဏ်ရိုက်ချင်သူ

17 Mar 2017     1,223 Views


ဂျာမနီမှာတင်သွင်းလိုက်တဲ့ ဥပဒေမူကြမ်းအရ ဖေ့စ် ဘုတ်ခ် နဲ့ တွစ်တာတို့လို လူမှုမီဒီယာကုမ္မဏီတွေဟာ သတင်းမှား တွေလိုမျိုး ဥပဒေနဲ့မညီတဲ့အကြောင်းအရာတွေကို ၄င်းတို့ဝက်ဘ် ဆိုက်ကနေ ဖယ်ရှားဖို့ နှောင့်နှေးနေရင်ဒဏ်ငွေရိုက်ခံရတော့မှာ ဖြစ်ပါတယ်။ အွန်လိုင်းအကြောင်းအရာကို မူတည်ပြီး နှိမ်နင်းရေးလှုပ်ရှားမှုအ ဖြစ်နဲ့ သည်မူကြမ်းကို ဂျာမနီတရားရေးဝန်ကြီး ဟိုင်ကိုမက်စ်က ရေးဆွဲခဲ့တာပါ။ ဝက်ဘ်ဆိုက်တွေအနေနဲ့ လူမျိုးရေးခွဲခြားမှုဝါဒ ဒါမှမဟုတ် အကြမ်း ဖက်မှုလှုံ့ဆော်တဲ့ ကွန်မန့်တွေအပါအဝင် အမုန်းစကားတွေနဲ့ သတင်းမှားတွေကို ၂၄ နာရီအတွင်း မဖယ်ရှားရင် တစ်ခုစီအတွက် ဒေါ်လာ ၅၃၀,ဝ၀ဝ အထိ ဒဏ်ငွေချမှတ်မယ့် ဥပဒေကို ဒီဇင်ဘာလမှာ သူက ကြေညာခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဥပဒေနဲ့မညီတဲ့အကြောင်းအရာတွေကိုဖယ်ရှားဖို့ သုံးစွဲသူတွေရဲ့ တောင်းဆိုချက်အများစုကို လူမှုမီဒီယာပလက် ဖောင်းတွေကမလိုက်လျောကြဘဲရှိနေခဲ့တာကြောင့် ဒဏ်ကြေးကို ထပ်တိုးလိုက်တာ ဖြစ်တယ်လို့ မက်စ် ကပြောပါတယ်။ ‘ပြစ်မှုမြောက်တဲ့ အကြောင်းအရာနည်းနည်းလေးကိုပဲဖျက်ခဲ့တယ်၊ ပြီးတော့ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်မဖျက်ပေးခဲ့ဘူး၊ ကျန်ရှိနေသေးတဲ့အကြီးဆုံး ပြဿနာကတော့ ဒီကွန်ရက်တွေက ကိုယ်သုံးစွဲသူတွေရဲ့ တိုင်ကြား မှုတွေကိုထိုက်သင့်သလောက်အလေး အနက်မထားတာပဲလို့ သူက ဆိုပါတယ်။ တွစ်တာကသုံးစွဲသူတွေတိုင်ကြားကြတဲ့ အမုန်းစကားရေးသား ပြောဆို မှုအကြောင်းအရာတွေထဲက တစ်ရာခိုင်နှုန်းကိုသာဖျက်ပေးခဲ့ပြီး ဖေ့စ်ဘုတ်ခ်ကလည်း ၃၉ ရာခိုင်နှုန်းသာဖယ်ရှားပေးခဲ့တယ်လို့ မကြာသေးမီက စစ်တမ်း အရသိရပါတယ်။

ယူကျူ့ကတော့ ၉၀ ရာ ခိုင်နှုန်း ဖယ်ရှားခဲ့တယ်လို့သိရပါတယ်။ သည်ဥပဒေအရ ဝက်ဘ်ဆိုက်တွေဟာ ၂၄ နာရီအရေးပေါ်ဆက်သွယ် မှုရရှိအောင်ဝန်ဆောင်မှုထားပေးရမှာဖြစ်ပြီး တိုင်ကြားလာတဲ့ အကြောင်းအရာကို ခုနစ်ရက်အတွင်းဖယ်ရှားပေးရမှာဖြစ်ပါတယ်။ ပြစ်မှုမြောက်တယ်လို့ သိသာထင်ရှားတဲ့အကြောင်းအရာကို ၂၄ နာရီအတွင်း ဖယ်ရှားပေးရမှာဖြစ်ပြီး အကြောင်းအရာက ပြစ်မှု မြောက်ကြောင်းကို စုံစမ်းစစ်ဆေးပြီးမှတွေ့ရှိခဲ့ရင်တော့ ခုနစ်ရက်  အတွင်းဖယ်ရှားပေးရမှာဖြစ် ပါတယ်။ မဟုတ်မမှန်လုပ်ကြံတာ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေတာ၊ အသရေဖျက် တာဖြစ်ကြောင်း သက်သေခိုင်လုံတဲ့ သတင်းမှားတွေကိုလည်း ဖယ်ရှားပေးရမယ်လို့ မက်စ်ကပြောပါတယ်။ ဒါပေမဲ့တစ်နေ့ကို ပို့စ်ပေါင်းတစ်ဘီလျံလောက် တက်နေတဲ့  ဆိုက်တွေ မှာ ၂၄နာရီအတွင်း ပို့စ်တွေဖျက်ပေးဖို့က လုပ်ငန်းစည်းမျဉ်းတွေကို  အကောင်အထည်ဖော်နိုင်ဖို့ လုံးဝမဖြစ်နိုင်သလိုဆင်ဆာဖြတ်ဖို့ ပုံသေယန္တရားတစ်ခုဖွဲ့စည်းရလိမ့်မယ်လို့ ဂျာမနီ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးအဖွဲ့အစည်း Bitkom က ပြောပါတယ်။

Credit “kumudranews”


17 Mar 2017     1,223 Views




RELATED

Most Popular of Special or Others

Most Popular of NEWS