BEC-TERO TV

ကျွန်တော်ရဲ့ Rap တွေကိုပရိတ်သတ်လက်ခံရင်တော့ ဆက်ဆိုပြီးလက်မခံရင်တော့ နိုင်ငံခြားမှာပဲ သွားနေတော့မယ်ဆိုတဲ့ ဂျောက်ဂျက်

17 Mar 2017     1,288 Views


စကားလုံးဘုရင် အခွေထွက်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုတောက်လျှောက်ပြန်လုပ်တော့မယ်ဆိုတဲ့ ဂျောက်ဂျက်က အရင်တုန်းကဆို လလိုက်တောင်မှ Plan ကမရှိချင်ဘူး လက်ရှိအချိန်မှာတော့ သေချာလေးပြန်လုပ်နေပါတယ် ။ အရင်လိုမနားတော့ပါဘူး နားလည်လို့ မရတော့ဘူး ။

ကျွန်တော့မှာ နှစ်အလိုက်လုပ်စရာတွေပေါ်လာပြီ plan တွေလဲ ချထားရပါတယ် ။ ကျွန်တော်ပြောင်းလဲလာတာကလည်း အသက်အရွယ်ကြောင့်ရော ၊ ဘေးပတ်ဝန်းကျင်ကြောင့်ရော ၊ ကူညီပေးနေတဲ့ လူတွကြောင့်ပါ ။ ကျွန်တော်ရဲ့ Rap ဆိုတာတွေကိုအားပေးနေတဲ့ လူရှိနေသရွေ့ ဆက်ဆိုနေအုံးမယ် တကယ်လို့ ဆိုလို့မရတော့ဘူးဆိုရင်တော့ နိုင်ငံခြားမှာ အပြီးနေသွားတော့ မယ် ။

တကယ်ကြီးနေဖို့ ဆိုတာတော့ သိပ်မဖြစ်နိုင်ပါဘူးကျွတ်တော်ဖြစ်ချင်တဲ့ စိတ်က ကျွန်တော့ကိုဘယ်သူမှမသိတဲ့ နေရာတခုမှာ အေးအေးဆေးဆေး သွားနေချင်တယ် ။

ပတ်ဝန်းကျင် ကပြောတာကို လဲ ကိုယ်မသိ ။ ကိုယ်ပြောနေတာကိုလဲ ပတ်ဝန်းကျင်ကမသိတဲ့ နယ်ပယ်တခုမှာ အပူအပင်မရှိဘဲ ဇြတ်သန်းသွားချင်တယ် ။ ကျန်တော့ အနေနဲ့ တခါတလေမှာ ဖြစ်တဲ့ စိတ်ကူးပါ ဆိုပြီး သူရဲ့ ခံစားချက်ကို ပြောပြသွားခဲ့ ပါတယ်။

Credit:8Day


17 Mar 2017     1,288 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment