BEC-TERO TV

ကျပ်သိန်းနှစ်ထောင် ခန့် လက်ဝတ်ရတနာတွေ အပြင် အနက်ရောင်ဖက်ရှင်နဲ့ ပွဲတက်မယ့် သက်မွန်မြင့်

17 Mar 2017     1,325 Views


၂၀၁၆ ခုနှစ်အတွက်ချစ်လှစွာသော အမုန်းဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ဆောင်ဆု ထင်ကြေးပေးနေကြတဲ့ သက်မွန်ဟာ ဆုပေးပွဲကို အနက်ရောင်ဖက်ရှင်နဲ့ တက်ရောက်မယ်လို့ သိရပါတယ် ။

သက်မွန်ရဲ့ ၀တ်စုံကို ဒီဇိုင်နာ မပုံ့က ဖန်တီးပေးမှာ ဖြစ်ပြီး မပုံ့ က သက်မွန်က ကလေးမွေးပြီးခါစ ဖြစ်ပြီး ခန္ဓာကိုယ်ကလဲ နည်းနည်းပြည့်နေတော့ အနက်ရောင်လေးဝတ်ရင် သူ့ ဟာသူလဲ Confidence ရှိမယ် စိတ်လုံခြုံမယ်လို့ စိတ်ကူးတယ် ခါးလဲ နာနေတော့ သက်မွန်အတွက်သက်တောင့် သက်သာလဲ ဖြစ်ရမယ် ၊ အသက်အရွယ်နဲ့ လုံလုံခြုံခြုံ ၊ ကျက်သရေရှိရှိလေး ဖြစ်အောင်စီစဉ်ထားပါတယ် ။
ဝတ်မယ့် ချိန်ဒီဇိုင်းရယ် ခြုံမယ့် ပ၀ါလေး ကို အဓိက လုပ်ပေးထားတာပါ ။အကျီင်္ကတော့ ပြောင်ရှင်းလေးပဲ လုပ်ထားတယ် ချိတ်ဒီဇိုင်းကတော့ ကိုယ်ပိုင်ဒီဇိုင်း ဖြစ်ပြီး အနက်ရောင် အပေါ်မှာ အခြားအရောင် သုံးရောင် ပါဝင်တဲ့ ဟင်္သာပုံစံ ဒီဇိုင်းတခုပါဝင်မယ်လို့ လို့ ပြောထားပါတယ် ။

အောင်သမာဓိက သက်မွန်ကို စိန်ကြိုးဆင်ပေးမှာပါ ။ အကျိင်္အနက်ပြောင်ပေါ်မှာ တင်မှာဆိုတော့ စိန်ကို ရိုးရိုး ဘယက် မဟုတ်ပဲ စိန်ကြိုး အရှည် နဲ့ လက်ကိုင်အိတ်စီစဉ်ပေးမှာလဲ ဖြစ်ပါတယ် ။ သက်မွန် ရဲ့ လက်ဝတ်ရတနာများ ၊လက်ကိုင်အိတ်မပါအ၀င် ကျပ်သိန်းနှစ်ထောင်ဖိုးခန့် အောင်သမာဓိက ဆင်ပေးမှာ လဲ ဖြစ်ပါတယ် ။

 


17 Mar 2017     1,325 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment