BEC-TERO TV

အကယ်ဒမီအတွက် သိန်းတစ်သောင်းဖိုး အနုပညာရှင် အယောက်၂၀ ကိုဆင်ပေးထားတဲ့ စိန်နန်းတော်

17 Mar 2017     1,448 Views


အကယ်ဒမီပွဲအတွက် အနုပညာရှင်အယောက်၂၀နီးပါးကို သိန်း ၁၀,၀၀၀ တန်ဖိုးရှိတဲ့ စိန်ထည်တွေကို စိန်နန်းတော် စိန်ရွှေရတနာဆိုင်ကနေ စပွန်ဆာပေးထားတယ်လို့ သိရပါတယ်။

အကယ်ဒမီ ဖွေးဖွေး ၊ နန်းဆုရတီစိုး ၊ နန်းစု ၊ ပိုင်ဖြိုးသု့ ၊ ရွှေသမီး ၊ နွယ်ဒါလီထွန်း ၊ အကယ်ဒမီ ချစ်စနိုးဦး ၊ မေ ၊ ခိုင်သဇင်ယုဝါ ၊ ခိုင်သဇင်ငုဝါ ၊ ဇင်ဇင်ဇော်မြင့် ၊ နန်းမြတ်ဖြိုးသင်း ၊ ထက်ထက်ထွန်း ၊ ၀င့်ယမုံလှိုင် ၊ ခင်သဇင် ၊ မေဆူးမောင် ၊ မေမြတ်နိုး ၊ အေးဝတ်ရည်သောင်း ၊ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေ အပြင် ထွန်းကိုကို တို့ကိုလဲ စပွန်ဆာပေးထားတယ်လို့ သိရပါတယ် ။

ဒီနှစ်ထူးခြားမှုကတော့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေ က ပထမဆုံးမြန်မာ့ အကယ်ဒမီပွဲကိုတက်ရောက်မှာလဲ ဖြစ်တယ် ၊ အကယ်ဒမီပွဲက တစ်နိုင်ငံလုံးမှာ အကြီးမားဆုံးပွဲတခုလဲဖြစ်တယ် ၊ တစ်နိုင်ငံလုံးစိတ်ဝင်စားတဲ့ ပွဲမှာ ငုရင် တက်မယ်ဆိုတော့ နန်းဆန်တဲ့ အကျီင်္ပုံနဲ့ လိုက်ဖက်မယ့် ကြိုးအကပ်လေးကို ဆင်ပေးမယ်လို့ ပြောထားပါတယ် ။

လက်ဝတ်ရတနာတွေကို ဆက်တစ်ဆက်ကို သိန်း ၅၀၀ နဲ့ သိန်း ၁၀၀၀ လောက်ရှိတာကြောင့် အယောက် ၂၀ ဆိုရင် သိန်း ၁၀,၀၀၀ လောက်ကုန်ကျပါတယ်။ ဆင်မြန်းပေးတယ်ဆိုတာ အလကားပေးတာမဟုတ်ဘူးဆိုတော့ ပွဲအတွက် ပေးလိုက်တယ်ပြန်ယူတယ် ။ အဓိကက အတုဝတ်တာထက်စာရင် အစစ်တွေဝတ်တဲ့ အခါပိုပြီး တောက်ပလင်းလက်ပြီး ကျက်သရေ ရှိပါတယ်။ အမတို့က အနုပညာရှင်တွေ ၊ဒီဇိုင်နာတွေ နဲ့ ရတနာဆိုင်တွေ ၊ ပေါင်းပြီးတော့ စဉ်းစားပေးရတယ် ၊ ပေါင်းပြီး တီထွင်လိုက်တာကို မြန်မာပြည်သူတွေကို ပြသတာဖြစ်ပါတယ်လို့ စိန်နန်းတော်က ပြောပြထားပါတယ် ။

စပွန်ဆာပေးတဲ့ နေရာမှာ အနုပညာရှင်တွေကို ရွေးချယ်တဲ့ အခါ စိန်နန်းတော်အရင်က ကြော်ငြာရိုက်ဖူးတဲ့ သူတွေကို ဦးစားပေး ရွေးချယ်တာလဲ ဖြစ်ပါတယ် ။ တချို့ အနုပညာရှင်တွေက ကမ်းလှမ်းတာကြောင့်လည်း စပွန်ဆာပေးဖြစ်တာတွေလဲ ရှိပါတယ်လို့ စိန်နန်းတော်က ပြောကြားတားပါတယ်။

Credit:စိန်နန်းတော် 

 


17 Mar 2017     1,448 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment