BEC-TERO TV

အကယ်ဒမီ နေ့က မေထွဋ်ခေါင် အပေါ် ဝေဖန်မှုကို ပြန်လည်ဖြေရှင်း

20 Mar 2017     1,528 Views


၁၈ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ တဲ့ အကယ်ဒမီပေးပွဲညမှာ သရုပ်ဆောင် မေထွဋ်ခေါင် ရဲ့ အကျီင်္ အ၀တ်အစားအပေါ်ဝေဖန်မှုများစွာရှိခဲ့ပါတယ် ။ အကျီင်္လည်ပင်းက ဟိုက်လွန်းတယ် စသဖြင့် ဝေဖန်မှုများစွာ ရှိခဲ့ တဲ့ အတွက် မေထွဋ်ခေါင် ကို ၀တ်စုံဖန်တီးပေးတဲ့ ဒီဇိုင်နာက ပြန်လည်ပြောကြားထားပါတယ် ။

“ကျမတို့ အကယ်ဒမီ အတွက်စချုပ်ဖို့တိုင်ပင်ထဲက မေထွဋ်ခေါင် ဟာ လသားအရွယ်ကလေးမိခင်လဲ ဖြစ်တယ် မီးမီးလေးကိုလဲ ပြင်ပအစာမကျွေးပဲမိခင်နို့တမျိုးတဲ့ အတွက်အိမ်မှာ လဲထားခဲ့လို့ မရ ဖြစ်နေတဲ့ အတွက် ပွဲတက်ဖို့ အခက်အခဲဖြစ်နေတယ် သမီးလေးကိုလဲ ကားထဲ ခေါ်ထားရမယ် ၀လဲဝနေတယ် သမီးလဲကိုလဲ နို့သွားသွားတိုက်ရအုံးမှာဖြစ်တဲ့ အတွက် သိပ်မဆန်းပဲ လိုက်ဖက်အောင်သာ စီစဉ်ပေးတော့ ဆိုပြီး တိုင်ပင်ခဲ့ ကြပါတယ် ။

အကယ်ဒမီ မတိုင်မှီပုံတွေရိုက်တုန်းက အကျိင်္က အဆင်ပြေပါသေးတယ် နို့တိုက်မိခင်တစ်ယောက်ဖြစ်တဲ့ အတွက် ပွဲမစခင်နဲ့ ပွဲစတဲ့ ထိ ကလေးကို ကားထဲထိဝင်လိုက်ထွက်လိုက် အကြိမ်ကြိမ်ကလေးနို့ဆာတိုင်းအပြေးသွားတိုက်ရပါတယ်။ နုနယ်လွန်းတဲ့ ကလေးကို ပွဲအသံကြောင့် အထိတ်တလန့်ဖြစ်မှာဆိုးတဲ့ အတွက်ပွဲနဲ့ ဝေးတဲ့ ကားနေရာထိ သွားလိုက်လာလိုက် လုပ်ပြီး မီဒီယာတွေနဲ့ တွေ့လိုက်နဲ့ အလုပ်ရှုပ်နေခဲ့ ပါတယ် ။ ပွဲစီစဉ်မှု မရ ပထမစီစဉ်ထားခဲ့ သလို စောစော မပြန်ဖြစ်တော့ ပဲ ၉နာရီမှ လမ်းတွေဖွင့်ပေးမှာ ဖြစ်တဲ့ အတွက် နောက်ဆုံးအကြိမ်နို့တိုက်ရာမှာ ကလေးကို လွတ်လပ်စွာ တိုက်မရလို့ ကျမချုပ်ပေးထားတဲ့ အကျီင်္ကလဲ Cap ပါပြီးသား ဖြစ်တော့ ကြိုးထိန်းထားတဲ့ အတွင်းခံကို ချွတ်လိုက်တာကြောင့် လည်ပင်းက ဟိုက်ဆင်းလာတာပါ ခြုံပ၀ါ ပါပေမယ့် ကလေးကို ရင်ပြင်ရဲ့ လေဟာနယ်မှာ လေစိမ်းတိုက်မှာ စိုးတဲ့ အတွက် ပြန်ပတ်ပေးထားပါတယ် ။

ဒါကိုအမိအရ ရိုက်ပြီး ပွဲတခုလိုလုပ်နေတဲ့ ဟာတွေ က နို့တိုက်မိခင်နဲ့ ကလေးရဲ့ ထိစပ်မှု မခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ မိခင်တစ်ယောက်ရဲ့ စိတ် နို့တိုက်မိခင်ရဲ့ ပွဲတစ်ခခုတက်တဲ့ အခါကြုံတွေ့ရတဲ့ ပြသာနာ အခက်အခဲ ဘာတခုမှ နားမလည်ပဲ လူတိရိစ္ဆာန်လိုလူမျိုး နို့ရင်အုံ မြင်တာနဲ့ အရိုင်းအစိုင်းတွေလို ထင်ကြေးပေးကြတာတွေအတွက် မေထွဋ်ခေါင် ကို ချစ်တဲ့ ပရိတ်သတ်တွေ စိတ်ခုနေမှာကြောင့် ကြားကနေ ရှင်းပြပေးတာပါ” ဆိုပြီး ဒီဇိုင်နာ မကေသီ ကပြောပြသွားခဲ့ ပါတယ် ။

Credit:Elina Ma Kay Thi


20 Mar 2017     1,528 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment