စမတ်ဖုန်းနှင့် တီဗီစွဲနေသော ကလေးငယ်များတွင် ဆီးချိုဖြစ်နိုင်ခြေမြင့်မား
20 Mar 2017 2,304 Views

လေ့လာဆန်းစစ်ချက်များအရ စမတ်ဖုန်းနှင့် အလင်းပြန်စခရင်(တီဗီ၊ တက်ဘလက်) အစရှိသည်တို့ကို သုံးနာရီနှင့်အထက် ဆက်တိုက် ကြည့်ရှုကစားနေသော ကလေးများတွင် နာတာရှည်ဆီးချိုရောဂါ ဖြစ်ပွားနိုင်မှု အလားအလာ မြင့်မားကြောင်း သိရှိရသည်။

ကျောင်းက ပြန်ရောက်သည်နှင့် တီဗီဂိမ်း၊ စမတ်ဖုန်း၊ တက်ဘလက် အစရှိသည်တို့ကို ကောက်ကိုင်လျှက် မျက်နှာနှင့်မခွာ ကစားကြသည့် ကလေးများတွင် ဆီးချိုအမျိုးအစား ၂ ဖြစ်ပွားနိုင်ခြေပိုများသည်။

အလင်းပြန်စခရင်များကို အလွန်အကျွံအသုံးပြုခြင်းက လူသားတွေရဲ့ ကျမ်းမာရေးကို ထိခိုက်စေပြီး ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာနှင့် သဟဇာတမဖြစ်ကြောင်း ကလေးများအဝလွန်ခြင်းဆိုင်ရာ သုတေသနပြုသူ မာခ့် တမ်ဘလေက ပြောကြားသည်။








