BEC-TERO TV

မြန်မာရိုးရာဝတ်စုံတွေနဲ့ ပျော်ပျော်ပါးပါးဓာတ်ပုံရိုက်ခဲ့တဲ့ Foreigner မိသားစု

20 Mar 2017     1,998 Views


မြန်မာရိုးရာဝတ်စုံတွေနဲ့ ပျော်ပျော်ပါးပါးဓာတ်ပုံရိုက်ခဲ့တဲ့ Foreigner မိသားစု မြန်မာမိန်းကလေးအချို့က အနောက်တိုင်းယဉ်ကျေးမှုကို အတုယူပြီး ပေါ်မှ ဖော်မှ လှတယ်ထင်နေကြပေမယ့် အနောက်နိုင်ငံသားအများစုကတော့ မြန်မာ့ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတွေကို နှစ်ခြိုက်သဘောကျကြပါတယ်။

အခုလို မြန်မာရိုးရာအပြင်အဆင်နဲ့ ဝတ်စားဆင်ယင်ပြီး ဓာတ်ပုံရိုက်ခွင့်ရလို့ Foreigner မိသားစုကတော့ အတိုင်းမသိကို ပျော်ရွှင်နေတဲ့ပုံပါပဲ။ စုစုပေါင်း မိသားစု (၆)ယောက်ပါဝင်တဲ့ အဘိုးအဘွား၊ သားဖြစ်သူ၊ ချွေးမ နဲ့ မြေးလေးနှစ်ယောက်တို့ ရဲ့ သဘာဝကျတဲ့ အိုင်တင်တွေနဲ့ အပြုံးတွေက ချစ်စရာလဲကောင်းလွန်းပါတယ်။ အဆိုပါအလှဓာတ်ပုံတွေကို နာမည်ကြီး Photo Studio &Wedding service ဖြစ်တဲ့ Dior မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံဆရာ ရဲ့ လက်ရာတွေကလည်း ချီးကျူးစရာပါပဲနော်။

သူတို့ရဲ့ အသားအရေ မျက်နှာထားနဲ့ မြန်မာဝတ်စုံနဲ့တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ ကျက်သရေရှိလွန်းလို့ ပြောစရာတောင်မလိုတော့ပါဘူး။ မြန်မာလူမျိုးတိုင်းလည်း မြန်မာရိုးရာဝတ်စားဆင်ယင်မှုကို တိုင်းတစ်ပါးထက်ပိုပြီး ချစ်မြတ်နိုးနိုင်ကြပါစေ။

 


20 Mar 2017     1,998 Views




RELATED

Most Popular of Special or Others

Most Popular of NEWS