BEC-TERO TV

ဒေါ်လာ ၄၆၀၀ ( ၆၅သိန်း ) နီးပါးတန်တဲ့ ဖိနပ်နဲ့ ပွဲတက်ခဲ့ တဲ့ ရွှေမှုန်ရတီ

20 Mar 2017     1,329 Views


၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ တဲ့ အကယ်ဒမီ ပေးပွဲမှာ ရွှေမှုန်ရတီဟာ အကယ်ဒမီ နဲ့ လွဲခဲ့ ပေမယ့် သူမ ၀တ်လာတဲ့ ဖက်ရှင်ကိုတော့ အများစိတ်ဝင်စားကြတာ အမှန်ပါ ။ ရွှေမှုန်ဟာ အနက်ရောင်ဂါဝန်ရှည်နဲ့ ဖန်ဖိနပ်လေးကိုစီးပြီး ပွဲတက်ခဲ့ ပါတယ် ။ သူမ စီးခဲ့ တဲ့ Cinderella ဖိနပ်လေးကလဲ သိန်း၇၀ တန်ကြေး ရှိတယ်လို့ ပြောကြပါတယ် ။ ရွေမှုန်က သူမရဲ့ အကောင့်မှာ ဖိနပ်ဈေးနှုန်းရယ် အကယ်ဒမီနေ့က ဖက်ရှင်တွေကိုလဲ တင်ထားတာ တွေ့ရပါတယ် ။

အကယ်ဒမီ ပွဲမတက်ခင်အချိန်လေးမှာလဲ သူမအကောင့်မှာ Cinderella shoes for academy ဆိုပြီး ဖိနပ်လေးနဲ့ လက်သည်းအလှလေးကို တင်ထားတာကိုလဲ တွေ့ခဲ့ ရပါတယ် ။

ဒီဇိုင်နာ မျိုးမင်းစိုးက လဲ ရွှေမှုန့် ဖိနပ်လေးကို သိန်း၇၀ တန်ဖိနပ်ကြီးပေါ့ ဆိုပြီး ကွန့်မန့်ပေးထားတာကိုတွေ့ရပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ရွှေမှုန်ရဲ့ ဖိနပ်လေးကို မိန်းကလေးတိုင်းကြိုက်နှစ်သက်ပြီးလိုချင်ကြတာတော့ အမှန်ပါ ။


20 Mar 2017     1,329 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment