BEC-TERO TV

ငွေကုန်ကြေးကျမများပဲ သွားများအမှန်တစ်ကယ် ပြန်လည် ဖြူစင်ဝင်းပလာစေနည်း

20 Mar 2017     2,206 Views


သွားလေးတွေဖြူစင်ဝင်းပချင်လိုသူများအတွက် ငွေကုန်ကြေးကျမများပဲ အိမ်မှာပဲ ကိုယ်တိုင်ပြုလုပ်ကာ အမှန်အကန် သွားများကိုပြန်လည် ဖြူစင်လာစေမယ့် နည်းလမ်းလေး ဖြစ်ပါတယ်၊ ကုန်ကျစရိတ်နည်းသလို လုပ်ရတာလဲ လွယ်ကူပါတယ်၊ ရလာဒ်ကတော့ တစ်ကယ့်ကို အံ့သြသွားစေမှာပါ။
 
ဖော်ပြမယ့်နည်းလမ်းက ရလာဒ်ကောင်းဖြစ်ပြီး ဆိုးကျိုးမရှိဘူးလို့ သွားဆရာဝန်တွေက ထောက်ခံပေးထားပါတယ်။ လိုအပ်တဲ့ ပစ္စည်းပစ္စယလေးတွေကတော့ အလူမီယံစာရွက်(စူပါမားကတ်တွေမှာ အလိပ်လိုက် အလွယ်တစ်ကူဝယ်လို့ရတဲ့ ငွေရောင်သတ္တုအပျော့စား)၊ မုန့်ဖုတ်ဆော်ဒါ၊ သွားတိုက်ဆေးနဲ့ ဆားတို့ပဲဖြစ်ပါတယ်။
 
မီးခိုးဆန်ဆန်အရောင်သမ်းနေတဲ့ သွားတွေမှာ ထူးခြားမှုကို သိပ်မတွေ့ရပေမယ့် အဝါရောင်သမ်းနေတဲ့ သွားတွေဆိုရင်တော့ အံ့သြစရာကောင်းလောက်အောင် တောက်ပြောင်လာတာကို တွေ့ရမှာပါ။
 
 
ရောစပ်ရမယ့် ပမာဏကတော့ သွားတိုက်ဆေးကို ပဲစေ့သာသာခန့်ထည့်ပါ၊ အဲဒီနောက် မုန့်ဖုန့်ဆော်ဒါကို လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ရောပါ၊ ဆားကို လက်မနဲ့လက်ညိုးညှပ်ယူတဲ့ ပမာဏခန့်ထည့်ပြီး အားလုံးကို သမအောင် ရောမွှေပါ။
 
သွားအတွက် အဆင်ပြေအောင် ဖြတ်ထားသော အလူမီတီယံအစထဲ့သို့ ရောနယ်ထားသည့် အနှစ်များထည့်ပြီး သွားကို လုံအောင် ထုတ်ထားပါ။ တစ်နာရီခန့်ကြာ ထုတ်ထားပြီးနောက် ဖြည်ပြီး သွားကို စင်ကြယ်အောင် တိုက်လိုက်သည့်အခါ မယုံနိုင်လောက်အောင် ဖြူစင်ဝင်းပနေသည်ကို တွေ့ရမှာပါ။
 

 


20 Mar 2017     2,206 Views




RELATED

Most Popular of Health Fix

Most Popular of Life Style