BEC-TERO TV

လာဘ်စားငွေနဲ့ ဩစတြေးလျားမှာ အိမ်ဝယ်တဲ့ တရုတ်ရဲအရာရှိ ထောင်ကျ

20 Mar 2017     1,556 Views


စီမံကိန်းတွေမှာ လာဘ်စားခဲ့တဲ့ ငွေတွေနဲ့ ဩစတြေးလျားမှာ အိမ်နှစ်လုံးဝယ်ထားတဲ့အကြီးတန်းရဲအရာရှိတစ်ဦးကို တရုတ်တရားရုံးတစ်ရုံးက ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ သည်အကျင့်ပျက်ခြစားမှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းတွေကို ရှောင်ကွင်းနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဩစတြေးလျားအစိုးရကနှိမ်နင်းနေချိန်မှာ ထွက်လာတာပါ။ တရုတ်အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်က ဂူတာခရိုင်ကျင်ကျိုးမြို့က အသက် ၅၉ နှစ်အရွယ် သည်အကြီးတန်း ရဲအရာရှိဟာ စာချုပ်တွေ ချုပ်ဆိုမှုကနေ ယွမ် ၆.၈ သန်းလာဘ်စားခဲ့တယ်လို့ မတ်လအစောပိုင်းက တရားရုံးက ထုတ်ပြန်တဲ့ အထောက်အထားတွေအရ သိရပါတယ်။

၂၀ဝ၉ ခု နှစ်မှာ သူဟာ လာဘ်ငွေ ယွမ် ၂့၃၆ သန်းကို အိမ်ရာဆောက်လုပ် သူ တစ်ဦးဆီကနေ လက်ခံရယူခဲ့ပြီး သူ့သမီးကြီးအတွက် ဩစတြေးလျားမှာ အိမ် တစ်လုံး ဝယ်ပေးခဲ့ပါတယ်။ သည့်နောက် ၂၀၁၃ ခုနှစ်မှာ ဒုတိယသမီးအတွက် အိမ်တစ်လုံး ထပ်ပြီးဝယ်ပေးဖို့ ဒုတိယအကြိမ်မြောက် ယွမ်လေးသန်း လာဘ်စားခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

Credit : kumudranews


20 Mar 2017     1,556 Views




RELATED

Most Popular of International News

Most Popular of NEWS