BEC-TERO TV

ကလေးတွန်းလှည်းနဲ့အတူ စက်လှေကားပေါ်က နောက်ပြန်ပြုတ်ကျ ရုပ်/သံ

20 Mar 2017     1,297 Views


ဟူဘေးကအမျိုးသမီးတစ်ဦးဟာ ကလေးကို ကလေးလက်တွန်းလှည်းထဲထည့်ပြီး စက်လှေကားပေါ်တင်နေစဉ် လှည်းကို မထိန်းနိုင်ပဲ နောက်ပြန် ပြုတ်ကျခဲ့ပါတယ်။
 
ရှော့ပင်းစင်တာတစ်ခုမှာ အဆိုပါအမျိုးသမီးဟာ ကလေးလက်တွန်းလှည်းကို အပေါ်မှာထားပြီး စက်လှေကားကို စီးနေစဉ် လက်တွန်းလှည်းရဲ့ အလေးချိန်ကိုမနိုင်တော့ဘဲ လက်တွန်းလှည်းဟာ တဖြည်းဖြည်း နောက်ပြန်ပြုတ်ကျလာခဲ့ပါတယ်။ အမျိုးသမီးဟာလည်း ပြုတ်ကျခဲ့ပါတယ်။ 
 
ကံကောင်းစွာနဲ့ပဲ အနားမှာရှိတဲ့ ကုန်ပို့သမားနှစ်ယောက်က ပြေးသွားပြီး အမျိုးသမီးရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ထဲက တစ်ယောက်က "ကလေးလှည်းကို စက်လှေကားပေါ်တင်နေတဲ့ အမေ ဟန်ချက်ပျက်သွားတာကို သတိထားမိလိုက်ချိန်က ကျွန်တော်က စားသောက်ဆိုင်တစ်ခုမှာ အော်ဒါတစ်ခုကောက်နေတာ။ အဲဒီအချိန်တုန်းက သူ့ကို ကူညီဖို့ကလွဲပြီး ကျွန်တော် တခြားဘာမှမစဉ်းစားခဲ့မိဘူး။ ကျွန်တော်သယ်ထားတဲ့အော်ဒါတွေကို ပစ်ချပြီး ကလေးကို ကယ်ဖို့ ပြေးသွားခဲ့တယ်" လို့ပြောပြခဲ့ပါတယ်။
 
ဓာတ်လှေကားကို ရပ်ပြီး ကယ်ဆယ်ခဲ့တဲ့ သူကလဲ " ကျွန်တော် ကျယ်လောင်တဲ့ အသံကြီးတစ်ခု ကြားလိုက်ရတယ်။ အဲဒါနဲ့ အမျိုးသမီးဆီကို သွားမကယ်ခင် စက်လှေကားကို အရင်ပြေးပြီး ပိတ်လိုက်တယ်"လို့ ပြောပါတယ်။
ဘေးနားက ဖြတ်သွားသူတွေကလဲ ရပ်ပြီး ကူညီခဲ့ကြပါတယ်။ ဒေသခံမီဒီယာ သတင်းတွေအရတော့ မိခင်ရော ကလေးရော ထိခိုက်မှု မရှိခဲ့ဖူးလို့ ဆိုပါတယ်။
 
ကုန်ပို့သမားတွေဟာ သူတို့ပို့နေတဲ့ အော်ဒါတွေကို ပစ်ချခဲ့ရပေမယ့်လဲ အမျိုးသမီးနဲ့ကလေးကို ကယ်တင်လိုက်နိုင်တဲ့အတွက် ပေးဆပ်ရကျိုးနပ်တယ်လို့ ပြောခဲ့ပါတယ်။
 

20 Mar 2017     1,297 Views




RELATED

Most Popular of Special or Others

Most Popular of NEWS