BEC-TERO TV

မိခင်အိုကို မထောက်ပံ့ချင်တော့လို့ အုတ်နီခဲနဲ့ ထုသတ်ခဲ့သူ

20 Mar 2017     1,256 Views


အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် ၇၂ နှစ်အရွယ် မိခင်အိုကို ဆက်လက်မထောက်ပံ့ချင်တော့တဲ့အတွက် အုတ်နီခဲနဲ့ ဦးခေါင်းကို အချက်များစွာ ထုပြီး သတ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ တရုပ်နိုင်ငံ အန်းဟွေဒေသရှိ ဖူယန်းအရပ်က နေအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမေအိုမှာ ဦးခေါင်းခွံကွဲအက်လျှက် ဥဏှောက်ဒဏ်ရာနဲ့ နေရာတင် သေဆုံးသွားခဲ့ပါတယ်။
 
သေဆုံးသူမှာ သားနှစ်ဦးရှိခဲ့ပြီး အမေအိုကို လုပ်ကိုင်ကျွေးမွေးရန် ကျူးလွန်ခဲ့သူတရားခံအား တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးနောက် အမေအိုအနားမှာ လုပ်ကိုင်ကျွေးမွေးခဲ့ရခြင်းဖြစ်သည်။ ထိုသူ၏ ဇနီးသားသမီးများမှာလည်း အခြားအရပ်သို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့်အတွက် အမေအိုက သူ့အတွက် ဝန်ထုတ်ဝန်ပိုးကြီးလိုဖြစ်နေခဲ့သည်။
 
အရက်သောက်စားတတ်သူ ဖြစ်သည့်အလျှောက် အခင်ဖြစ်မည့် ညနေတွင် မူးလာစဉ် အမေအိုနဲ့ စကားများကာ “ခင်ဗျားကြီးကြောင့် ကျုပ်မှာ လွပ်လွပ်လပ်လပ် ကိုယ့်အလုပ်ကိုယ်မလုပ်ရဘူး၊ ခင်ဗျားကြီးကို ကျွေးမွေးနိုင်တော့ဘူး” ဟု ဆိုကာ အိမ်အနီး မြေပြင်ပေါ်ရှိ အုတ်နီခဲနှင့် မိခင်ဖြစ်သူအား ထုသတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
တရားခံကို ဖမ်းဆီးထားပြီး အမှုအား ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရှိရသည်။
 

 


20 Mar 2017     1,256 Views




RELATED

Most Popular of Special or Others

Most Popular of NEWS