BEC-TERO TV

စပွန်ဆာ ပစ္စည်းမထိန်းသိမ်းနိုင်ဘူးဆိုတဲ့ ရွှေမှုန်ရတီ

20 Mar 2017     1,448 Views


အကယ်ဒမီပွဲကိုမတက်ဘူးလို့ ပြောထားတဲ့ သဲတစ်ယောက် အကယ်ဒမီကို အနက်ရောင်ဂါဝန်ရှည်ကြီးတဲ့ ရောက်လာခဲ့ ပါတယ် ။ အကုန်လုံးက ပြောကြတာကော တက်စေချင်ကြလို့ သဲပွဲတက်တာ မြင်ချင်တယ်လို့ အားလုံးက တိုက်တွန်းကြတဲ့ အတွက် ပွဲတက်ဖြစ်သွားတာပါလို့ ပြောထားပါတယ် ။ အရင်နှစ်တွေကတော့ ပွဲတက်ဝတ်စုံကို ကိုမျိုးမင်းစိုးက ဖန်တီးပေးပြီး ဒီနှစ်တော့ ဒီဇိုင်နာ ကိုကောင်းမြတ်ပါလို့ ပြောထားပါတယ်။

ဒီနှစ်အကယ်ဒမီပွဲမှာ အနုပညာရှင်တိုင်း ရွှေတွေနဲ့ အလှဆင်ကြပေမယ့် ရွှေမှုန်ကတော့ ရွှေနဲ့မလုပ်နိုင်သေးပါဘူး စပွန်ဆာပေးမယ့်သူတွေတော့ ရှိပါတယ်။ ရွှေမှုန်က လေးလေးပင်ပင်ကြီးတွေနဲ့မလွတ်မလပ်ဖြစ်နေမှာကြောက်တယ် ပြီးတော့ သူများပစ္စည်းတွေကို မထိန်းသိမ်းနိုင်ဘူး လို့ ပြောထားပါတယ် ။

ရွှေမှုန်ကရိုးရိုးလေးပဲ ၀တ်ချင်တယ် ဒီဇိုင်နာချုပ်ပေးတာကို ကိုယ်လိုချင်တာလေးနဲ့ ရိုးရိုးလေးပဲ ဖန်တီး ခဲ့ပါတယ်လို့ ပြောသွားခဲ့ ပါတယ်။

ဥရောပ ခရီးစဉ်တွေအသွားများပြီးပြန်ရောက်တာမကြာသေးတဲ့ ရွှေမှုန်က ဒုတိယ အခေါက်ဖြစ်တြ့ အတွက် အတွေ့အကြုံတွေအများကြီးရပါတယ် Fashion နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေရခဲ့ ပါတယ်လို့ ပြောသွားခဲ့ ပါတယ် ။

Credit:oasis


20 Mar 2017     1,448 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment