BEC-TERO TV

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သင်္ကြန်ပြီးမှသာ ရုံးပြန်တက်မည်

21 Mar 2017     1,396 Views


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဆေးရုံမှ ဆင်းပြီးနောက် အနည်းဆုံး သီတင်းခြောက်ပတ်ကြာ အနား ယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန် ကြီး ဒေါ်ပန်းသဉ္ဇာမျိုးက ပြော သည်။ ၀န်ကြီးချုပ်သည် ခြောက် ပတ်ကြာ အနားယူမည်ဆိုပါက သင်္ကြန်ပြီးမှသာ ရုံးစတင်တက် နိုင်မည်ဖြစ်သည်။ မတ်လ ၂၀ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ၀န်ကြီးချုပ်က မတ်လ ၂၄ ရက် အထိ ခွင့်တိုင်ကြားထားသည်။

ရန်ကင်းကလေးဆေးရုံကြီး ရှိ နှလုံးသွေးကြောခွဲစိတ် ကုသ ဌာန၌ အောင်မြင်စွာ နှလုံးခွဲစိတ် ကုသမှုခံယူခဲ့ပြီးနောက် ဦးဖြိုးမင်း သိန်းသည် မတ်လ ဒုတိယပတ် တွင် ဆေးရုံမှဆင်း၍ နေအိမ်၌ အနားယူနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေး မောင်က ပြောသည်။ ၎င်းအနားယူနေစဉ် ၀န်ကြီး ချုပ်တာဝန်များကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး တင်အောင်ထွန်းက ခေတ္တ တာဝန်ယူထားသည်။ ၀န်ကြီးချုပ်သည် မတ်လ ၄ ရက်က ရန်ကင်းကလေးဆေးရုံ တွင် နှလုံးခွဲစိတ်ကုသမှု ခံယူခဲ့ သည်။

ဝန်ကြီးချုပ်ကို ဗြိတိန်နိုင်ငံမှ ပါမောက္ခအောင်ရဲဦး ဦးဆောင် သော မြန်မာခွဲစိတ်ဆရာဝန်များ အဖွဲ့က ရန်ကင်းဆေးရုံကြီးတွင် ခြောက်နာရီကြာ အောင်မြင်စွာ ခွဲ စိတ်ကုသနိုင်ခဲ့ကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ရန်ကင်းကလေးဆေးရုံကြီး သည် နှလုံးခွဲစိတ်ကုသမှုပိုင်းတွင် အောင်မြင်မှုရလဒ်ကောင်းသည့် ဆေးရုံဖြစ်သည်။ မြန်မာနိုင်ငံရှိ နှလုံးအထူးကုဆရာဝန်ကြီးများ၏ ခွဲစိတ်ကုသမှုများအပြင် အာဆီ ယံနှင့် ဥရောပနိုင်ငံများမှ ပညာ ရှင်များနှင့် ပညာဖလှယ်ပြီး ခွဲ စိတ်မှုများရှိကာ နှစ်စဉ်ကလေး နှင့် လူကြီးနှလုံးရောဂါ ဝေဒနာ ရှင်များအား ခွဲစိတ်ကုသပေးနေ သည်။

Credit : 7daydaily


21 Mar 2017     1,396 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS