BEC-TERO TV

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကန်ရေတပ်သင်္ဘောတစ်စီး မြန်မာဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် လာရောက်

21 Mar 2017     1,429 Views


အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေး သင်္ဘောကြီး USNS Fall River သည် ယနေ့ (မတ်လ ၂၁ ရက်)တွင် ရန်ကုန် ဆိပ်ကမ်းသို့ တရားဝင်ချစ်ကြည် ရေးခရီးစဉ် ဆိုက်ကပ်ရောက်ရှိ မည်ဖြစ်ကြောင်း အမေရိကန် သံရုံးက အတည်ပြုထုတ်ပြန် သည်။ ဖောလ်ရေးဗား၏ ယခုခရီး စဉ်သည် ဒုတိယကမ္ဘာစစ်နောက် ပိုင်းကစ၍ အမေရိကန်ရေတပ် သင်္ဘောတစ်စီး မြန်မာဆိပ်ကမ်း သို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်သော တရားဝင်ခရီး စဉ်ဖြစ်သည်။

‘‘မြန်မာ နိုင်ငံသားတွေရဲ့ ဧည့်သည်တော်တွေအဖြစ် ယူ အက်စ်အင်န်အက်စ်ဖောလ်ရေး ဗားသင်္ဘောကြီး ရန်ကုန်ကို ခုတ် မောင်းရမှာဖြစ်တဲ့အတွက် ကျွန် တော်တို့အနေနဲ့ ဂုဏ်ယူမိပါ တယ်’’ဟု

အမေရိကန်ရေတပ် အမှတ် (၇၃) ရေယာဉ်စု၏ တပ် မှူး၊ ဗိုလ်ချုပ် ဒွန်ဂေဘရီယယ် ဆန်က သံရုံးထုတ်ပြန်ချက်မှတစ် ဆင့်ပြောသည်။ ‘‘ဒီသမိုင်းဝင် ခရီးစဉ်ကို ကြိုဆိုဧည့်ခံပေးကြမယ့် မြန်မာ အစိုးရ၊ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့တပ်မတော် (ရေ) ကို လည်း ကျေးဇူးတင်ပါတယ်။ ပြီး တော့ မြန်မာနိုင်ငံသားတွေနဲ့ ထာ ၀ရတည်မြဲတဲ့ ချစ်ကြည်ရင်းနှီးမှု တစ်ရပ် တည်ဆောက်ဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်နေပါတယ်’’ဟု ၎င်းက ဆိုသည်။ အရှည်ပေပေါင်း ၃၃၇ ကျော်ရှိသော ဖောလ်ရေးဗား (တီ-အီး ပီအက်ဖ်-၄) သင်္ဘောကြီးသည် အင်ဒို-အာရှပစိဖိတ်ဒေသတစ် လျှောက်ရှိ နိုင်ငံများအကြား ပစိ ဖိတ်မိတ်ဖက်နှစ်စဉ်အထူးတာဝန် ဖြင့် ချစ်ကြည်ရေးခရီးသွားနေ သည်။ ပစိဖိတ် မိတ်ဖက်မှုကို ‘လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီနှင့် ဘေးအန္တ ရာယ်ကယ်ဆယ်တုံ့ပြန်ရေး ကြိုတင်ပြင်ဆင်မှု မစ်ရှင်’ တစ်ခုအဖြစ် သတ်မှတ်ထားသည်။

ယခုနှစ်၏ အိမ်ရှင်နိုင်ငံများမှာ သီရိ လင်္ကာ၊ မြန်မာ၊ မလေးရှားနှင့် ဗီယက်နမ်တို့ပါဝင်သည်။ ယခုသီရိလင်္ကာနှင့် မလေးရှားနိုင်ငံ တို့အကြား မြန်မာတွင် ခရီးတစ် ထောက်နားခြင်းဖြစ်ပြီး ရန်ကုန် ဆိပ်ကမ်း၌ မတ်လ ၂၅ ရက် အထိ ငါးရက်ကြာ ဆိုက်ကပ်လည်ပတ်မည်ဖြစ်သည်။ တရုတ်ကို တန်ပြန်သော အမေရိကန်၏ ‘ဝေဟင်-ရေပြင် တိုက်ပွဲ’စီမံကိန်းများ၏ အခရာ ဖြစ်သည့် အမေရိကန်အမှတ် (၇) ရေတပ်သင်္ဘောမှာ ပစိဖိတ်မိတ် ဖက်မှုအစီအစဉ်၌ ပါဝင်သည်။ ပစိဖိတ်မိတ်ဖက်မှုကို နိုင်ငံပေါင်း စုံလူသားချင်းစာနာထောက်ထား မှုဆိုင်ရာ စီမံကိန်းတစ်ရပ်ဟုဆို သော်လည်း တရုတ်ပါဝင်မှုမရှိဘဲ တရုတ်ကို အားပြိုင်နေကြသော အမေရိကန်ဦးဆောင်အုပ်စုဝင် များဖြစ်သည့် ဂျပန်၊ သြစတြေး လျ၊ တောင်ကိုရီးယားနှင့် အိန္ဒိယ တို့ပါဝင်သည်။ အိန္ဒိယသည် အမေရိကန်ရေတပ်၏ တိုက်ပွဲဝင် သင်္ဘောများနှင့် အခြားရေယာဉ် များ ၀န်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးအချက်အချာ ဌာနတစ်ခု ဖြစ်လာလိမ့်မည်ဟု ပြီးခဲ့သည့်လက ထရန့်အစိုးရက ကြေညာခဲ့ သည်။ မကြာသေးမီကပင် အိန္ဒိယ အနောက်ဘက်ကမ်းခြေရှိ ဂူဂျာရတ်၌ အမှတ် (၇) ရေတပ် သင်္ဘောမွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်ရန် အိန္ဒိယကုမ္ပဏီ Relianceနှင့် အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန ဌာနချုပ် ပင်တဂွန်တို့ သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့သည်။

ယခုမြန်မာခရီးစဉ် ထုတ် ပြန်ချက်အရ အမေရိကန် အမှတ်(၇) ရေတပ်သင်္ဘောတီးဝိုင်းအဖွဲ့က အမေရိကန်သံရုံး၊ အမေရိ ကန်စင်တာတွင် ဖျော်ဖြေပွဲပြု လုပ်မည်ဖြစ်ပြီး ပြည်တွင်းမှ ဂီတပညာရှင်များနှင့် တွေ့ဆုံ ကာ ဂီတနှင့် ပတ်သက်သော ပူးပေါင်းနှီးနှောဖလှယ်မှုများ ပြုလုပ်မည်ဟု ဆိုသည်။ ဖောလ်ရေးဗားအဖွဲ့သားများသည် မြန်မာ့တပ်မတော် (ရေ) နှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ပြီး ရန်ကုန်မြို့အ တွင်း ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးခရီးစဉ်များ စီစဉ်ထားသည်ဟု ဆိုသည်။ ‘‘ကျွန်တော်တို့ အထူးတာ ၀န်အဖွဲ့ဝန်ထမ်းတွေနဲ့ အဖွဲ့သား တွေအတွက် အင်မတန်ထူးခြား တဲ့ အခွင့်အရေးတစ်ခုပါ’’ဟု ပစိ ဖိတ်မိတ်ဖက် အထူးတာဝန်အဖွဲ့ တပ်မှူး၊ ဗိုလ်မှူးကြီး စတန်ရှန် က ပြောသည်။

‘‘မြန်မာ့တပ်မတော် (ရေ)နဲ့ ထိတွေ့ဆက်ဆံရဖို့၊ မြန်မာနိုင်ငံ ရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုတွေ အကြောင်း ပိုပြီးလေ့လာရဖို့အ တွက် ကျွန်တော်တို့ မျှော်လင့်နေ ပါတယ်’’ဟု ၎င်းကဆိုသည်။

ပစိဖိတ်မိတ်ဖက်မှုကို ၂၀၀၄က တောင်အာရှနှင့် အရှေ့တောင်အာရှဒေသများကို ဆူနာမီသဘာ ၀ဘေးအန္တရာယ်ကျရောက်ပြီး နောက် အမေရိကန်က စတင် ဆောင်ရွက်ခဲ့သော အစီအစဉ်ဖြစ် သည်။ ထိုအချိန်က ၀ါရှင်တန် သည် ဆူနာမီဒဏ်ခံခဲ့ရသော နိုင်ငံများကို ကူညီရန်ဟုဆိုကာ ဧရာမ USS အေဗရာဟမ်လင်ကွန်း သင်္ဘောကြီး၊ စစ်လေယာဉ်များ၊ ရဟတ်ယာဉ်များအပါအ၀င် စစ် သင်္ဘောအစီးပေါင်း ၂၀ နှင့်အတူ အမေရိကန်တပ်ဖွဲ့ဝင် ၁၃,၀၀၀ ကို အိန္ဒိယသမုဒ္ဒရာဒေသသို့ စေ လွှတ်ခဲ့သည်။ ၂၀၀၈ က နာဂစ်ဆိုင်က လုန်းဒဏ်ကို မြန်မာနိုင်ငံ အပြင်း အထန်ခံခဲ့ရချိန်တွင် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်စစ်သင်္ဘော ကြီးများသည် လူသားချင်းစာနာ ထောက်ထားမှုအကူအညီပစ္စည်း များ အပြည့်ဖြင့် မြန်မာပင်လယ် ရေပိုင်နက်အနီး ရောက်ရှိလာခဲ့ ကာ အကူအညီပေးရန် ကမ်းလှမ်း ဖူးသော်လည်း စစ်အစိုးရက လက် မခံခဲ့ပေ။ မြန်မာ စစ်အစိုးရသည် ဗြိတိန်နှင့် ပြင်သစ်စစ်သင်္ဘောများ အကြောင်းကို ထုတ်ဖော်ပြော ကြားခြင်း မရှိခဲ့ပေ။ သို့သော် အမေရိကန် စစ်သင်္ဘောများနှင့် စစ်ရဟတ်ယာဉ်များက သယ် ဆောင်လာသော ကယ်ဆယ်ရေး အကူအညီများဖြင့် ချည်နှောင် ထားသော နှောင်ကြိုးများမှာ မြန်မာပြည်သူများအတွက် လက် မခံနိုင်စရာဖြစ်သည်ဟု စစ်အစိုး ရပိုင်သတင်းစာက ထုတ်ပြန်ငြင်း ပယ်ခဲ့သည်။

Credit : 7daydaily


21 Mar 2017     1,429 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS