BEC-TERO TV

မချစ်လို့ လမ်းခွဲလိုက်တာမဟုတ်ဘူးဆိုတဲ့ စံရတီမိုးမြင့်

21 Mar 2017     1,568 Views


အချစ်ဇာတ်လမ်းတွေ ငြိမ်နေတဲ့ စံရတီမိုးမြင့်တစ်ယောက် ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ် ။ ချစ်သူနဲ့ လမ်းခွဲလိုက်ပေမယ့် မချစ်တော့လို့ မဟုတ်ဘူးလို့ လဲ ပြောထားပါတယ်။ သူငယ်ချင်း သံယောဇဉ်တော့ ကျန်နေပါသေးတယ် လမ်းခွဲတာကလဲ ချစ်သူက လန်ဒန်မှာကျောင်းတက်နေပြီး ခဏခဏလဲ ပြန်မလာနိုင်ဘူး ။

ကိုယ်တိုင်ကလဲ အနုပညာ အလုပ်လုပ်နေတယ်ဆိုတော့ သူကလည်း ကိုယ့်ကိုအချိန်မပေးနိုင် ၊ ကိုယ်ကလည်းသူ့ကိုအချိန်မပေးနိုင် အဲ့လိုတွေဖြစ်လို့ လမ်းခွဲလိုက်တာပါ လို့ ပြောထားပါတယ် ။

ချစ်သူ ဖြစ်ထဲက ခွေးလေး ၃ကောင် အတူတူမွေးထားတော့ ခွေးလေးတွေ အကြောင်းတော့ ပြောဖြစ်နေပါသေးတယ် ။ မချစ်လို့ လမ်းခွဲလိုက်တာ မဟုတ်တဲ့ အတွက် သူငယ်ချင်း အဖြစ်စကားပြောဖြစ်နေတယ် လို့ ပြောသွားခဲ့ ပါတယ်။


21 Mar 2017     1,568 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment