BEC-TERO TV

တိုက်ခန်းတချို့ နေထိုင်ရင်း အရစ်ကျစနစ်နဲ့ ဝယ်ယူလာနိုင်

21 Mar 2017     1,424 Views


အခုနောက်ပိုင်းမှာ တိုက်ခန်းတွေမှာ နေထိုင်ရင်း နဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူလို့ ရကြတယ်လို့ သိရပါတယ်။

‘အခုနောက်ပိုင်းအိမ်ရှင်တွေက ရောင်းလာတဲ့ ပုံစံတွေကကျတော့ အရစ် ကျစနစ်ကို  ဘယ်လောက်ဘယ်လောက် သွင်းပြီး တက်နေလို့ရတယ်၊ ပြီးတော့မှ နေနေရင်းနဲ့ လစဉ်ပေးသွင်းလို့လဲရတယ်၊ အဲဒီလိုပုံစံတွေနဲ့ ရောင်းလာကြတာ၊ အဲဒီ လို ရောင်းတာတွေက ကန်ထရိုက်တာတွေက သိပ်မရောင်းဘူး၊ အိမ်ရှင်တွေက ရောင်းတာတွေ များတယ်”လို့

အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းက ပြောပါတယ်။ သည်လိုရောင်းချတာတွေက မြေပိုင် ရှင် တိုက်ခန်းပိုင်ရှင်တွေကသာ ရောင်းတာများပြီး ကန်ထရိုက်တာတွေ ရောင်းတာမရှိသေးဘူးလို့ သိရပါတယ်။နေရင်းနဲ့ နေရာသစ်ကို ပြောင်းရွှေ့ဖို့အတွက် အလျင်စလို ရောင်းချင်နေသူတွေ၊ ပိုနေလို့ ရောင်းချင်တဲ့သူတွေ အရောင်းများကြ တယ်လို့ သိရပါတယ်။ ဝယ်ယူတဲ့အခါ အတိုးမပေးရတာတွေ၊ လွယ်လွယ်ကူကူ အဆင်ပြေပြေနဲ့ ဝယ်ယူနိုင်တာတွေကြောင့် ရောင်းချတဲ့ သူတွေရော ဝယ်ယူတဲ့သူတွေပါ အဆင်ပြေကြတယ်လို့ သိရပါတယ်။ ဘဏ်နဲ့ချိတ် ဆက်ပြီး မလုပ်ရ တာတွေကြောင့် အလုပ်ရှုပ် သက်သာလာ နိုင်ပါတယ်။ ပိုင်ရှင်တွေ အရစ်ကျ ရောင်းချနေတဲ့ တိုက်ခန်းတွေက အိမ်ခြံမြေ ဂရု(ပ်) တွေမှာတင်ပြီး ရောင်းချလာတာတွေ ပိုများတယ်လို့ သိရပါတယ်။

Credit : “kumudranews”


21 Mar 2017     1,424 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS