BEC-TERO TV

အုန်းမှုတ်ခွက်ကေနဲ့တွေ့ရမယ့် အပြင် အခွေကို မုန့်ဟင်းခါးဖိုးကြေးအိုးဖိုးလောက်သဒ္ဓါပါဆိုတဲ့ ဖြူဖြူကျော်သိန်း

21 Mar 2017     1,287 Views


အသံအားကောင်းကောင်းနဲ့ ဖက်ရှင်အလန်းတွေကိုအမြဲထွင်တက်တဲ့ ဖြူဖြူဟာ သူမ ရဲ့ April Fool အခွေ MTV ဟာ မတ်လ ၂၅ ရက်နေ့မှာ စတင်ဖြန့်ချီတော့မှာဖြစ်ပါတယ် ။

အခွေမှာ အရူးမပုံစံ သွေစုတ်ဖုတ်ကောင်ပုံစံ တွေကို ဆန်းသစ် ရိုက်ကူးထားပြီး BoBo တေးထုတ်လုပ်ရေးကနေ ဖြန့်ချီမှာလဲ ဖြစ်ပါတယ် ။ အခွေထွက်ရှိခြင်းအမှတ်တရအနေနဲ့လဲ April 1 ရက်နေ့မှာ MRTV-4 ကနေထုတ်လွှင့်ပြသပေးမှာလဲဖြစ်ပါတယ် ။

April Fool အခွေကို ၂၀၁၆ မှာ Audio Cd ထွက်ရှိခဲ့ပြီး ၂၀၁၇ မှာ MTV ဖြန့်ချီတာလဲ ဖြစ်ပါတယ် ။ အခွေကို အကောင်းဆုံးဖန်တီးထားပါတယ် သီချင်းလေးပုဒ်ထည့်သွင်းထားပြီးနိုင်ငံခြားက ဒါရိုက်တာနဲ့ ရိုက်ကူးထားပြီး ပရိတ်သတ်တွေ အနေနဲ့ မုန့်ဟင်းခါးဖိုး ကြေးအိုးဖိုးလောက်ရှိတဲ့ အော်ရဂျင်နယ် ခွေလေးကို ချစ်ခင်သော စိတ်နဲ့ အားပေးကြပါလို့ ပြောထားပါတယ် ။ April Fool သီချင်းမှာ အုန်းမှုတ်ခွက်စွပ်ထားတဲ့ ပုံစံ နဲ့ သရုပ်ဆောင်ထားပါတယ် ။


21 Mar 2017     1,287 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment