BEC-TERO TV

I phone ကိုသင်္ကန်းအတွင်းဝှက်ကာ ခိုးယူသည့် ဘုန်းကြီး ၂ ပါး….

21 Mar 2017     1,248 Views


ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှ ဆန်ဆိုင်တဆိုင်အတွင်း မတ်လ ၁၇ ရက်နေ့ ညနေပိုင်းက ဖြစ်ခဲ့တာပါ။ အဲဒီဘုန်းကြီး ၂ ပါးဟာ ဆိုင်အတွင်း ဝင်ရောက်လာချိန်မှာ ဆိုင်အလုပ်သမားတဦးသာ ရှိနေခဲ့ပြီး သူ့ကို ဆိုင်ရှင်နဲ့တွေ့လိုကြောင်း ပြောခဲ့တာပါ။ ဆိုင်ပိုင်ရှင် အော်ရတီ ကောင်မမ်ဟာ ဆိုင်အပေါ်ထပ်မှာ ရှိနေတာမို့ သွားခေါ်ပေးဖို့ အလုပ်သမားက အပေါ်ထပ်တက်သွားပြီး ဘုန်းကြီး ၂ ပါးကိုတော့ ဆိုင်အတွင်း ထားခဲ့တာပါ။

ဒါပေမယ့် သူတို့ အောက်ထပ်ကို ပြန်ရောက်လာချိန်မှာတော့ အဲဒီဘုန်းကြီး ၂ ပါး ရှိမနေခဲ့တော့ဘဲ စားပွဲပေါ်တင်ထားခဲ့တဲ့ ဆိုင်ရှင်ရဲ့ အိုင်ဖုန်းပါ ပျောက်ဆုံးနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဆိုင်အတွင်း တပ်ဆင်ထားတဲ့ စီစီတီဗွီ လုံခြုံရေးကင်မရာမှတဆင့် ပြန်စစ်ခဲ့ချိန်မှာတော့ အဲဒီဘုန်းကြီးတွေဟာ ဆိုင်ရှင်ရဲ့အိုင်ဖုန်းကို သင်္ကန်းဝတ်ရုံတွင်း ခိုးဝှက်သယ်ဆောင်သွားခဲ့ကြတာကို တွေ့ခဲ့ရတာပါ။

“အဲဒီဖုန်းက ကျမရဲ့ စီးပွားရေးလုပ်ငန်းအတွက် အရမ်းကို အရေးကြီးပါတယ်။ ကျမရဲ့ အရေးကြီးတဲ့ အကောင့်တွေကိုရော၊ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေရဲ့ အဆက်အသွယ်တွေကိုပါ အဲဒီထဲမှာ သိမ်းထားတာပါ” လို့

ဆိုင်ရှင် အော်ရတီ ကောင်မမ်က ပြောပါတယ်။ လက်ရှိမှာတော့ ရဲတွေဟာ အသက် ၂၀ ဝန်းကျင်ရှိမယ့် အဲဒီ ဘုန်းကြီး ၂ ပါးကို ရှာဖွေနေကြတာပါ။ သူတို့ထဲက တဦးရဲ့ နဖူး ညာဘက်ထောင့်မှာ အမာရွတ်ရှိပြီး နောက်တဦးကတော့ အသားပိုညိုတယ်လို့ ဆိုပါတယ်။ အဲဒီ သင်္ကန်းဝတ်ရုံတွေဟာ ထိုင်းနိုင်ငံ နေရာအနှံ့ ဘယ်နေရာမဆို အလွယ်တကူ ဝယ်ယူနိုင်ပြီး ခုလို ဆိုင်တွေထဲ ဝင်ရောက်တာဟာလည်း သိပ်ထူးဆန်းလှတာတော့ မဟုတ်ပါဘူး။ ဆိုင်ပိုင်ရှင် ကောင်မမ်ကတော့ “ကျမ အရမ်းစိတ်ဆိုးမိပါတယ်။ ဒီဖုန်းကို ပြန်ရဖို့ သတင်းပေးသူကို ဘတ် ၅၀၀၀ ဆုချမှာပါ။ ဒီလူတွေကို တွေ့တယ်ဆိုရင် ကျမဆီကို နေ့ည အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်” လို့ ပြောပါတယ်။

Credit : burmese.dvb.no


21 Mar 2017     1,248 Views




RELATED

Most Popular of Special or Others

Most Popular of NEWS