BEC-TERO TV

စံချိန်မှီတဲ့ ယောက်က်ျားတွေ့ရင် ယူမယ် မတွေ့ရင် ပျိုကြီးလုပ်မယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

21 Mar 2017     1,386 Views


အနုပညာရှင်တော်တော်များများ ကိုယ်ရဲ့ လက်တွဲဖော်တွေနဲ့ အသီးသီး လက်တွဲသွားကြပေမယ့် သင်ဇာတစ်ယောက်ကတော့ တစ်ယောက်ထဲ ဖြစ်နေပါသေးတယ် ။ ရှေ့မှာ အိမ်ထောင်ပြုသွားခဲ့ မြင့်မြတ်တို့အတွဲကို အားကျပေမယ့် လက်ထပ်ဖို့တော့ သတ္တိမရှိသေးပါဘူးတဲ့ ။

မတူညီတဲ့ ဘ၀နှစ်ခုပေါင်းစပ်ရမှာ ဖြစ်တဲ့ အတွက် သမီးရည်းစားဘ၀မှာတောင် ကိုယ်နဲ့ တဂျိန်းဂျိန်း သတ်နေတဲ့ လူတစ်ယောက်ကို ယူလိုက်ရင် ပိုဆိုးမှာကြောက်တယ် ။ ယူပြီးမှ ကွဲပြီးတခုလပ်အဖြစ်မခံနိုင်ဘူး မယူခင် မိဘကိုလဲ ပြုစုစောင့်ရှောက်ချင်သေးတယ် ။

ကိုယ်ယူချင်တဲ့ အချိန်မှာ ယူမယ့်သူဟာ ကိုယ့်ရဲ့ စံဝင်တယ်ဆိုရင်တော့ယူဖြစ်မယ် ။ စံမ၀င်ရင်တော့ ယူဖြစ်မှာမဟုတ်တော့ဘူး လက်ရှိတော့ အဲ့ဒိလိုမျိုးစဉ်းစားထားတယ်လို့ ပြောထားပါတယ်။ လက်ရှိမှာတော့ မေကဗျာ နဲ့ အတူ အပေအတေ ကျူးကျော်တဲမှာနေတဲ့ ကောင်မလေးတစ်ယောက် အဖြစ် ရိုက်ကူးနေပြီး ရွှေကြာ ဇာတ်ကား ရိုက်ကူးဖို့လဲ ရှိပါတယ်လို့ ပြောထားပါတယ် ။

Ref;Oasis


21 Mar 2017     1,386 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment