BEC-TERO TV

နေ့စဉ်သုံးနေတဲ့ တစ်ခါသုံး ဝါးတူ တစ်စုံရဲ့ လျို့ဝှက်ချက်

21 Mar 2017     4,593 Views


အစားအသောက်စားရာမှာ ကိုင်တွယ်အသုံးပြုရတဲ့ တစ်ခါသုံး ဝါးတူတစ်စုံရဲ့ လျှို့ဝှက်ချက်ကို သိတဲ့သူ နည်းပါးပါလိမ့်မယ်။ ခေါက်ဆွဲကြော်၊ ကြေးအိုးတို့ကစလို့ ဂျပန်အစားအစာ ကိုရီးယားအစားအစာတို့ကို စားတဲ့အခါ တူလေးတွေကို အသုံးပြုပြီးစားကြရပါတယ်။
 
 
ယနေ့လမ်းဘေး ပလက်ဖောင်း စားသောက်ဆိုင်လေးတွေမှာ တစ်ခါသုံးဝါးတူလေးတွေ ထားပေးထားတာကို တွေ့ရပါလိမ့်မယ်။ တူကိုင်ပြီး အစားအသောက်တွေ စားလာကြတာ နှစ်ပေါင်းမည်းတော့ပေမယ့် ဝါးတူလေးတွေရဲ့ လျှို့ဝှက်ချက်ကို သတိမထားမိတတ်တာများပါတယ်။
 
ပုံမှန်အားဖြင့် ဆိုင်တွေမှာသုံးတဲ့ တစ်ခါသုံးဝါးတူကို နှစ်မျိုးတွေ့ရတတ်ပါတယ်။ တစ်မျိုးက ထိပ်ပိုင်းပြားတဲံ တူတစ်စုံကို ကပ်ထားပြီး လက်နဲ့ ဆွဲခွာရတာမျိုးနဲ့ နောက်တစ်မျိုးက ဆွဲခွာစရာမလိုပဲ ထိပ်ပိုင်းလည်ရစ်လေးတွေနဲ့ဖြစ်ပါတယ်။ 
 
 
 
ဒုတိယအမျိုးအစားကို လူသုံးများကြတာတွေ့ရပါတယ်။  အဆိုပါတူနှစ်မျိုးလုံးရဲ့ထိပ်ပိုင်းနေရာက ပြားနေတဲ့ နေရာနဲ့ လည်ရစ်နေရာကို ချိုးပြီး တူတင်တဲ့(stand) လုပ်ဖို့အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ လည်ရစ်လုပ်ထားတာ ချိုးလို့လွယ်ကူစေဖို့ဖြစ်ပါတယ်။
 
 
 
ဒီလျှို့ဝှက်ချက်လေးကို မိးသားစု အပေါင်းအသင်းတွေကို လက်ဆင့်ကမ်းပေးပါဦးနော်။ အကယ်၍ မိတ်ဆွေက တူမကိုင်တတ်သေးရင်တော့ အောက်ပါဗီဒီယိုလေးကို ကြည့်ပြီးတာနဲ့ တူကိုင်တတ်သွားလိမ့်မယ်လို့ အာမခံပါတယ်။ ဒါပေမယ့် Practice makes perfect ဆိုသလို ကျွမ်းကျင်မှုရအောင်တော့ များများလေ့ကျင့်ဖို့လိုတာပေါ့။
 

21 Mar 2017     4,593 Views




RELATED

Most Popular of Special or Others

Most Popular of Life Style