Apple က အထူးထုတ် အနီရောင် iPhone 7 နဲ့ 7 Plus Model
22 Mar 2017 1,374 Views

Apple က iPhone 7 နဲ့ 7 Plus စမတ်ဖုန်းများအတွက် အထူးထုတ် (Product) Red Edition များကို မိတ်ဆက်လိုက်ပါတယ်။ မတ်လ ၂၄ ရက်နေ့မှာ ကြိုတင်မှာယူမှုများကို စတင် လက်ခံမှာ ဖြစ်ပါတယ်။ 128GB နဲ့ 256GB Models ၂ မျိုးကိုသာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 128GB iPhone 7 ကို ဒေါ်လာ ၇၅၀ နဲ့ 128GB iPhone 7 Plus ကို ဒေါ်လာ ၈၇၀ သတ်မှတ်ထားပါတယ်။
အထူးထုတ် ဖုန်းများကို ဥရောပမှာလည်း ရောင်းချမှာ ဖြစ်ပါတယ်။ ဂျာမနီမှာတော့ တန်ဖိုးနည်း မော်ဒယ်များကို ယူရို ၈၇၀ နဲ့ ယူရို ၁၀၁၀ အသီးသီး သတ်မှတ်ထားပြီး မတ်လ ၂၄ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဗြိတိန်မှာတော့ စတာလင်ပေါင် ၇၀၀ နဲ့ ၈၂၀ အသီးသီး သတ်မှတ်ထားပါတယ်။ Apple က ယခင်က iPhones များအတွက် အနီရောင် Cases ကို ထုတ်လုပ်ရောင်းချပေးခဲ့ပေမယ့် အနီရောင် iPhone ကို ပထမဆုံးအနေနဲ့ ယခုမှသာ ထုတ်လုပ်ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
စမတ်ဖုန်း အသစ်များမှာ အလူမီနီယမ်ကိုယ်ထည် တပ်ဆင်ထားပါတယ်။ AIDS ရောဂါကို တိုက်ဖျက်ဖို့အတွက် Apple က အကျိုးအမြတ် မယူတဲ့ RED အဖွဲ့အစည်းနဲ့ ပူးပေါင်း၍ အနီရောင် iPhone များကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Apple က စမတ်ဖုန်း ရောင်းချရတဲ့ ငွေများကို RED အား ခွဲဝေလှူဒါန်းမှာ ဖြစ်ပါတယ်။
Credit : digitaltimes