အွန်လိုင်းပေါ်က ချစ်သူကိုယုံကြည်မိတဲ့ ဆယ်ကျော်သက်မိန်းကလေး အသိနောက်ကျချိန်မှာ ရုပ်/သံ
22 Mar 2017 1,804 Views

ယနေ့ခေတ် အင်တာနက် လူမှုကွန်ယက်တွေ ပေါ်လာခဲ့ပြီးနောက် အွန်လိုင်းပေါ်ကနေ ချစ်သူတွေ ဖြစ်ကြတဲ့ အကြောင်းဟာ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး။ အွန်လိုင်း ချစ်သူဘဝကနေ ဘဝလက်တွဲဖော်ဖြစ်သွားကြပြီး ပျော်ရွှင်စွာ ပေါင်းဖက်ကြတဲ့ စုံတွဲတွေလည်း အများကြီးရှိပါတယ်။
ဒီလိုကြားထဲမှာ ကံဆိုးစွာနဲ့ပဲ ထောင်ချောက်ထဲကို ကျခဲ့ပြီး ဘဝပျက်သွားကြတဲ့ မိန်းကလေးတွေလည်း ဒုနဲ့ဒေးဖြစ်ပါတယ်။ နည်းပညာတိုးတက်လာမှုနဲ့အတူ လူနေမှုပုံစံတွေ ပြောင်းလဲလာကြပြီး ပြောင်းလဲလာတဲ့အထဲမှာ အဆိုးရောအကောင်းပါ ရောထွေးနေတဲ့အတွက် သိတိရှိရှိနေထိုင် ဆင်ခြင်ရမယ့် ကိစ္စတွေများပြားလာပါတယ်။ အဲဒီအထဲမှာ အွန်လိုင်းချစ်သူ ကဏ္ဍကလည်း ဓါးသွားထက်ကပျားရည်စက်လို သတိကြီးကြီးထားဖို့လိုအပ်ပါတယ်။
ဖော်ပြပါ ဗီဒီယိုကို ယူကေရဲအဖွဲ့က ပညာပေးဇာတ်လမ်းအနေနဲ့ လူထုကို ဝေမျှခဲ့ပြီး ဒီဇာတ်လမ်းထဲက အဖြစ်အပျက်ဟာ ၂၀၁၅ ခုနှစ်က တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေး Kayleigh ရဲ့ ဖြစ်ရပ်မှန်ဖြစ်ပါတယ်။
အွန်လိုင်းမှာ သန်းနဲ့ချီပြီး ကြည့်ရှုခဲ့ကြတဲ့ ဖြစ်ရပ်မှန် ပညာပေးဗီဒီယိုလေး ဖြစ်ပါတယ်။