BEC-TERO TV

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ဆုချီးမြင့်ပွဲ နောက်ကွယ်မှ ဖြစ်ရပ်များ

22 Mar 2017     1,326 Views


မတ်လ ၁၈ ရက်နေ့က ကျင်းပပြီးစီးခဲ့ တဲ့ ၂၀၁၆ ခုနစ်အတွက် ဆုချီးမြင့်ပွဲအောင်မြင်စွာပြီးဆုံးသွားခဲ့ သော်လည်း လူသိနည်းတဲ့ နောက်ကွယ်မှ ဖြစ်ရပ်များကို ရှဲပေးလိုက်ရပါတယ်။

-အကယ်ဒမီပွဲအတွက်လုံခြုံရေးအဖွဲ့ အင်အား ၁၀၀၀ ကျော်အသုံးပြုထားခြင်း ။

-အ၀င်ပေါက်တိုင်းတွေ မိုင်းရှာခွေးများဖြင့် လုံခြုံရေးတင်းကျပ်ထားခြင်း ။

-အမှိုက်အိတ်အတွက်ငွေ ၈၀၀၀၀ ကျော်အကုန်ကျခံထားပြီးနေရာတိုင်းတွင်အမှို်က်အိတ် အလွယ်တကူတွေ့ရှိနိုင်အောင် ထားခဲ့သော်လည်း ပွဲအပြီးတွင် အမှိုက်များ ပြန့်ကျဲနေပြီး စည်ပင်သာယာ သန့်ရှင်းရေး ၀န်ထမ်းများ ခေါ်ကာ ရှင်းခဲ့ ရခြင်း

-မြန်မာ့ရုပ်ရှင်နှစ်၁၀၀ပြည့် အထိန်းအမှတ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကယ်ဒမီ ရျွှေစင်ရုပ်ထုပေါင်း ၁၀၀ ကျော်လည်း လျှောက်လမ်းတစ်လျှောက်တွင်ခင်းကျင်းပြသထားခြင်း

-အကယ်ဒမီများရှင် မို့မို့မြင့်အောင် က ပထမဆုံးအကြိမ် အခမ်းအနားမှုပြုလုပ်ခဲ့ ခြင်း

-ဗီယက်နမ် မင်းသမီး ငုယင်ထရန်ဟုရန်မေ နှင့် ထိုင်းမင်းသမီး Nam Whnn တို့ကလည်းမြန်မာလိုဝတ်စားဆင်ယင်ပြီး အကယ်ဒမီပွဲသို့ တက်ရောက်ခဲ့ ခြင်း

-ဇာတ်ညွှန်းဆု နှင့် အမျိုးသမီး ဇာတ်ပို့ဆု ချီးမြှင့်မှုမရှိခဲ့ သည့် အတွက်အားမလိုအားမရ ဖြစ်သူများလည်းတွေ့ခဲ့ ရခြင်း

-ဓာတ်ပုံအကယ်ဒမီဆုအတွက် သုံးယောက်ပေါင်း တစ်ဆုသာ ရရှိပေမယ့် Bella မှ ရွှေရင်ထိုးနှစ်ခုကိုထပ်မံချီးမြှင့်ပေးခဲ့ ခြင်း

-လူမင်းက ယခုအကြိမ် အကယ်ဒမီရရှိရန် ၁၂ နှစ်စောင့်ခဲ့ ရပြီး ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးတော့မည့်အချိန်မှ ဇာတ်ပို့ဆု ရရှိခဲ့ ခြင်း

-အကယ်ဒမီထွန်းထွန်းရလို့ ၀မ်းသာမျက်ရည်ကျသူများ ရှိသလို မြင့်မြတ်မရလို့ ၀မ်းနည်းမျက်ရည်ကျသူတွေ ရှိခဲ့ ခြင်း -ကော်ဇောနီခင်းကျင်းမှုအတွက် ကျပ်သိန်း ၅၀ နီးပါးကုန်ကျခဲ့ ခြင်း

-ခုံတစ်လုံးလျှင် ၂၅၀၀ ကျပ်ဖြင့် ခုံအလုံးပေါင်း ၃၀၀၀ ငှားရမ်းခဲ့ ရခြင်း -VIP အိမ်သာ လေးလုံးအပါအ၀င် အိမ်သာပေါင်း ၄၄ လုံး ငှားရမ်းခဲ့ ရခြင်း (တစ်လုံးကို နှစ်သိန်းခွဲ ကျပ်ဖြင့် ငှားရမ်းထားသည့် VIP အိမ်သာ မတက်ရလို့ စိတ်ဆိုးသူများက VIP ဆိုတာဖင်မှာရွှေချထားလားဟု ပြောဆိုသူများ ရှိခဲ့ ခြင်း )

-အကယ်ဒမီ အခမ်းအနား စင်တည်ဆောက်ခြင်းအပါအ၀င် အခမ်းအနားတခုလုံးအတွက် လူပေါင်း ၄၀၀ ကျော်အသုံးပြုခဲ့ ပြီး ကျပ်သိန်း ၃၀၀၀ ကုန်ကျမည်ဟု ခန့်မှန်းထားသော်လည်း ကျပ်သိန်း ၂၀၀၀ နီးပါးသာ ကုန်ကျခဲ့ခြင်း

-အကယ်ဒမီ ထွန်းထွန်းသို့ အောင်သမာဓိ မှစပွန်ဆာပေးထားသော ရွှေနှစ်ကျပ်သား ကျော်ကျော်အလေးချိန်ရှိသည့် ကျပ်သိန်း ၂၀ ခန့်တန်ဖိုးရှိ ရင်ထိုးကျပျောက်ခဲ့ ခြင်း

-မင်းသားမင်းသမီးများနှင့် အရံများအတွက် ၀တ်စုံ ၊ ဖိနပ် ၊လက်ဝတ်ရတနာများ ကို လုပ်ငန်းရှင်များက အပြိုင်အဆိုင် စပွန်ဆာပေးကြသော်လည်း လူကြမ်းများအတွက် စပွန်ဆာပေးမည့်သူမရှိခဲ့သောကြောင့် ကိုယ်ပိုင် ၀တ်စုံများဖြင့်သာ ပွဲတက်ခဲ့ ရ ။

-ရွှေတိဂုံစေတီတော်ကြီးကို နောက်ခံထားပြီး ပွဲကျင်းပခဲ့ သည့်အတွက် ပွဲတက်လာသူများအားလုံး လုံလုံခြုံခြုံဝတ်ဆင်ခဲ့ ကြပြီး ( မလုံမခြုံ ၀တ်လာသူများအား ပုဝါဖြင့် အုပ်ရန်စောင့်နေသော်လည်း တစ်ယောက်မှ အအုပ်မခံလိုက်ရခြင်း )

-သတင်းယူသူ ဓာတ်ပုံဆရာများ အလွန်များပြားသည့်အတွက် အလုအယက် ဓာတ်ပုံ ရိုက်နေရသောကြောင့် ပုဆိုးကျွတ်မှန်းပင် မသိသူများလည်း တွေ့ခဲ့ ရခြင်း

-ရွှေအစစ်ဖြင့်ဆင်မြန်းထားသော ၀တ်စုံဝတ်ဆင်ထားသည့် အနုပညာရှင် အားလုံးနီးပါး အကယ်ဒမီဆု မကြေညာမီ ထပြန်သွားကြခြင်းပဲ ဖြစ်ပါတယ် ။


22 Mar 2017     1,326 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment