BEC-TERO TV

အချစ်ရေး အကြောင်းပြောလာတဲ့ အိမ့်ချစ်

22 Mar 2017     1,257 Views


အသက် ၁၆ နှစ်ထဲက ဂီတလောကထဲကို စရောက်နေပြီး အောင်မြင်မှု တနေရာ ရနေတဲ့ အိမ့်ချစ်ဟာ သူမရဲ့ အချစ်ရေးကတော့ ကံကောင်းတဲ့ ထဲ မပါပါဘူးလို့ ပြောထားပါတယ် ။ "အသက် (၂၆) နှစ်ပြည့် ပြီး ဒီအရွယ်အထိချစ်သူရည်းစား မရှိဘူးလို့ ပြောရင် သက်သက်လိမ်တာမို့ အိမ့်ချစ် မလိမ်ချင်ပါဘူး ၊အချစ် နဲ့ပတ်သတ်ရင် ကံမကောင်းသူဖြစ်တာမို့ အချစ်ကို ကြောက်တာတော့အမှန်ပဲ ။

အထူးသဖြင့် အိမ့်ချစ်က ကိုယ်တိုင်း အချစ်ကြောင့် ခံစားခဲ့ရတာ အကြိမ်ကြိမ်မို့ ကိုယ်ခံစားရေးတဲ့သီချင်းတွေက ကြာတော့ ကိုယ့်ခံစားချက်တွေကြီးပဲဖြစ်နေတယ် ။ အချစ်ရေးကံမကောင်းပေမဲ့ကိုယ့်အနုပညာအလုပ်ကိုတော့အကောင်းဆုံးလုပ်ဆောင်ပါတယ်။ပရိတ်သတ်ကိုသီချင်းအသစ်တွေချပြဖို့လည်းရှိတယ်။

ကိုယ်တိုင်ခံစားချက်တွေနဲ့ရေးတဲ့သီချင်းလေးတွေရိုးသွားမှာလဲ စိုးရိမ်တာကြောင့် ဆရာ ရွှေဂျော်ဂျော်ပြောသလို အချစ်နဲ့ပတ်သက်ပြီး အငှားခံစားချက်ပုံစံလေးတွေရှာပြီးရေးနေပါတယ်။ အထူးသဖြင့် အိမ်ထောင်ရေးကြောင့် အဆင်မပြေတဲ့ သူတွေရဲ့ ခံစားချက်တွေကို ပိုရေးဖြစ်ပါတယ် "လို့ပြောထားပါတယ် ။ ကိုယ်တိုင်ခံစားချက်နဲ့ ရေးတဲ့ သီချင်းတွေကို ပရိတ်သတ်ကြိုက်တယ်ဆိုလို့ ၀မ်းသာရပါတယ်လို့ ပြောထားပါတယ်။


22 Mar 2017     1,257 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment