League of Legends ဂိမ်းပွဲရှုံးလို့ ကွန်ပျုတာနဲ့ ခေါင်းရိုက်ခွဲခဲ့သူ
23 Mar 2017 1,679 Views

ကမ္ဘာကျော် အွန်လိုင်းဂိမ်းတစ်ခုဖြစ်သည့် League of Legends ဂိမ်းကစားရာ ရှုံးနိမ့်ခဲ့သည့်အတွက် လူငယ်တစ်ဦးက ဒေါသဖြစ်ကာ ခေါင်းနဲ့ ကွန်ပျူတာမော်နီတာစခရင်ကို စောင့်တိုက်သဖြင့် ခေါင်းကျွံဝင်သွားကာ ခေါင်းကွဲခဲ့သည့် ဖြစ်ရပ်တစ်ခု တရုပ်ပြည်တွင် ဖြစ်ပွားခဲ့သည်။

အင်တာနက်ကဖေး ဂိမ်းဆိုင်တွင် League of Legends ကိုကစားနေစဉ် နောက်ထပ်အဆင့် တက်ခါနီးကျမှ ရှုံးခဲ့သည့်အတွက် သူကစားနေသော ကွန်ပျူတာစခရင်ကို ခေါင်းနဲ့ စောင့်တိုက်ခဲ့ခြင်းဖြစ်သည်။ ကွန်ပျူတာ စခရင်ကွဲသွားပြီး ခေါင်းကျွံနေသည့်အတွက် အနီးနားမှ ကစားသူများနှင့် ဆိုင်ဝန်ထမ်းများက လာရောက် ကူညီခဲ့ရပြီး ခေါင်းကွဲသွားသည့်အတွက် ဆေးရုံသို့ပို့ခဲ့ကြရသည်။
ပျက်ဆီးသွားသည့် ကွန်ပျူတာအတွက် ဆိုင်မှ အလျော်တောင်းခံမှု ရှိမရှိကိုမူ မသိရှိရချေ။








