BEC-TERO TV

အဝေးပြေးလမ်းမတစ်လျှောက် ညအိပ်ရပ်နားနေသော ကုန်ကားအချို့ ဓားပြတိုက်အနုကြမ်းစီးခံနေရ

23 Mar 2017     1,555 Views


အဝေးပြေးလမ်းမ(မြို့တွင်းလမ်း) တစ်လျှောက်ရှိ မြို့ကြီးများအနီးတွင် ညအိပ်ရပ်နားနေသော အဝေးပြေးကုန်တင်ယာဉ်အချို့ကို ပစ္စည်း လုယက် ဓါးပြတိုက်ခံနေရကြောင်း အဝေးပြေးကုန်ကားမောင်းနှင်သူများ အသိုင်းအဝိုင်းမှ သိရှိရသည်။
 
 
ကားဆရာဘော်ဘော်တို့ရေ...
ညအိပ်မယ်ဆို စိတ်ချရတဲ့နေရာမှာအိပ်ကြပါ။
ကျွန်တော် သူငယ်ချင်း ပိန်းဇလုပ် ကတ္တားအထွက်မှာ အိပ်တာပါ။
 
နောက်အိပ်ခန်းမှန်လိုင်နာလှီးပြီးဝင်တာသိလို့အော်တော့ ငှက်ကြီးတောင်ဓားနဲ့ခုတ်တယ် သုံးယောက်ဝိုင်းခုတ်တာ လူတော့ဘာမှမဖြစ်ဘူး ကားတော့ရှေ့မှန်ကြီးကွဲသွားတယ် နောက်ကအိပ်ခန်းမှန်ကိုတော့ဖြုတ်ပီရိုက်ခွဲသွားတယ်။
 
 
မသိရင်ခိုးတယ်၊ ကားသမားက သတိနဲ့အိပ်လို့ သိတော့အနုကြမ်းစီးတယ် လမ်းမှာက ညဆိုရင်အပေါ့အပါးသွားတာကအစ သတိလေးနဲ့သွားကြပါ။ တပ်ကုန်းအဆုံတံတားနားမှာတစီး ငွေလေးသိန်းကျော်နဲ့ဖုံးနှစ်လုံး၊ ပျော်ဘွယ်နားမှာကတစီး ငွေတစ်ဆယ်တစ်သိန်းပါသွားတယ်။ 
 
 
နောက်တစီးက ရမည်းသင်းနားမှာ ငွေတစ်ဆယ်ရှစ်သိန်းခွဲပါသွားတယ်။ ပိန်းဇလုပ်နားဖြစ်တာတော့ ရဲကိုကို လေးယောက်လာတယ် ဘာဖြစ်တာတုံးညာဖြစ်တာတုံးမေးပီ ကားသမားကအကြောင်းစုံရှင်းပြတော့ ဘာမှမပြောဘူး ပြန်လှည့်သွားတယ်။
 
 
ကျွန်တော်တို့ ကားသမားဘဝက ခံရဘတ်ကြီပဲ ဘော်ဘော်တို့ရေ ဘုရား တရား လုပ်ပြီးမောင်းကြပါ အိပ်ကြပါ
 
စိုးစံတိုး
 

 


23 Mar 2017     1,555 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS