BEC-TERO TV

အရက် နှင့် အားဖြည့် အချိုရည် ရောစပ်သောက်သူများ

24 Mar 2017     2,790 Views


အရက် ကို အားဖြည့် အချိုရည် များနှင့် ရောစပ်သောက်ခြင်း ကြောင့် အန္တရာယ်များနှင့် ကြုံတွေ့နိုင်ပြီး မတော်တဆဖြစ်ပွားခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း ကနေဒါနိုင်ငံမှ သုတေသီများကပြောသည်။ အားဖြည့်အချိုရည်များတွင် ပါဝင်သော ကဖိန်းဓာတ်က လူ ကိုများစွာ နိုးကြားလန်းဆန်းစေပြီး သာမန်ထက် အရက်ပိုသောက် အောင် တွန်းအားပေးသည်။ 
 
ယင်းအခြေအနေကြောင့် အိပ်စက်မှုဆိုင်ရာပြဿနာများ ကြုံ နိုင်ပြီး နှလုံးခုန်နှုန်း မြန်ဆန်လာစေကြောင်း သုတေသီများက ပြော သည်။ Red Bull နှင့် Monster တို့ကဲ့သို့ အားဖြည့်အချိုရည်များနှင့် အရက်ရောစပ်သောက်သုံးမှုမှာ ကလပ်များ၊ နေအိမ်နှင့် အရက်ဆိုင် များတွင် လူကြိုက်များလာသည်။

သို့သော်အရက်ချည်းတစ်မျိုးတည်းသောက်ခြင်းထက် အား ဖြည့်အချိုရည်များနှင့် ရောစပ်သောက်ခြင်းကြောင့် အန္တရာယ်ပိုများ ကြောင်း သုတေသနပြုချက်အရ သိရသည်။ ယင်းမှာ အားဖြည့်အချိုရည်တွင် ပါဝင်သော ကဖိန်းဓာတ် ကြောင့် လူများနိုးကြားလန်းဆန်းနေပြီး အရက်၏ အကျိုးသက် ရောက်မှုကို နှေးကွေးသွားစေသောကြောင့် ဖြစ်သည်။ 
 
ကနေဒါနိုင်ငံ ဗစ်တိုးရီးယားတက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုအတွင်း အရက်ကိုအားဖြည့်အချိုရည်များနှင့် ရောသောက်ခြင်းကြောင့် လဲကျနိုင်ခြင်း၊ ခိုက်ရန်ဖြစ်ပွားနိုင်ခြင်းနှင့် မတော်တဆ ဖြစ်ပွားနိုင်ခြင်း အန္တရာယ်ပိုများလာစေသည်ဟု တွေ့ရှိခဲ့သည်။ သို့သော်အရက်ကို အားဖြည့်အချိုရည်များနှင့် ရောစပ်သောက် ခြင်းကြောင့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေသလားဆိုသည် ကို နောက်ထပ်လေ့လာရဦးမည်ဟု သုတေသီများကပြောသည်။

အားဖြည့်အချိုရည်များတွင် ကဖိန်းဓာတ်မြင့်မားစွာပါဝင်ခြင်း အစဉ်သဖြင့် ၂၅၀၀ မီလီလီတာဝင် သံဘူးတစ်ဘူး၌ ကဖိန်းဓာတ် ၈၀ မီလီဂရမ်ပါဝင်သည်။ ကိုကာကိုလာ ၃၃၀ မီလီလီတာဝင် သံဘူးတစ်ဘူးတွင် ကဖိန်းဓာတ် ၃၂ မီလီဂရမ်ပါဝင်ပြီး အားဖြည့်အချိုရည်များ၌ သကြားဓာတ်လည်း အများအပြားပါဝင်သည်။ တစ်ခါတစ်ရံတွင် ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် သဘာဝ ဆေးစွမ်းများပါဝင်သည်။ Red Bull သံဘူးတစ်ဘူးတွင် ကဖိန်းဓာတ် ၈၀ မီလီဂရမ်ပါဝင် ပြီး ကော်ဖီမစ်တစ်ခွက်၌ ၁၀၀ မီလီဂရမ်ပါဝင်ကာ လက်ဖက်ရည်တစ်ခွက်တွင် ၄၀ မီလီဂရမ်ပါဝင််သည်။
 
Credit : 7day daily

24 Mar 2017     2,790 Views




RELATED

Most Popular of Health Fix

Most Popular of Life Style