BEC-TERO TV

ဆီးချိုရောဂါအတွက် ကညွတ်ဟာ အကောင်းဆုံးဆေး…..

24 Mar 2017     2,268 Views


ကညွတ်ဟာ ဆီ:ချိုရောဂါ အတွက် နောက်ဆုံးပေါ် လက်နက်ဟုဆိုကညွတ်ကို ပုံမှန်စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင်ဟော်မုန်း ထုတ်လုပ်မှုလည်း မြင့်တက်လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိခဲ့ပါ တယ်။ 
 
ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ်လက် နက်ဖြစ်လာမယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။ ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်းတာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မသိရှိနားမလည်ကြ လို့ပါ။

အဲဒါတွေကို ကုသမှုမခံယူရင် အ မျိုးအစား (၂) ဆီးချို ရောဂါကြောင့် နှလုံးတိုက်ခိုက် ခံရတာ၊ အမြင်အာရုံ ဆုံး ရှုံးတာနဲ့ ခြေပြတ်လက်ပြတ်တွေ ဖြစ်လာ နိုင်ပါတယ်။ ကညွတ်ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ တစ်သျှူးတွေမှ ဂလူးကို့စ်သုံးစွဲနိုင်မှု ၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မား စေတယ်လို့ ကရာချိ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။ ကညွတ်အနှစ်ပမာဏများစွာ သုံးစွဲပါမှ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ် လုပ်မှုကို ထိရောက်စွာ အကျိုးရှိနိုင်တယ် လို့ သိရပါတယ်။
 
Credit : health.thithtoolwin

24 Mar 2017     2,268 Views




RELATED

Most Popular of Health Fix

Most Popular of Life Style