မွေးရပ်မြေ မာန်အောင်မြို့ကို အလှူအတန်းလုပ်ဖို့ ရောက်ရှိနေတဲ့သားငယ်
28 Mar 2017 1,849 Views

လတ်တလော လူတိုင်းပါးစပ်ဖျားတွင် ရေပန်းစားလျှက် ပရိသတ်များအားလုံး၏ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသော Myanmar Idol Winner သားငယ်တစ်ယောက် သူ၏မွေးရပ်မြေ ရခိုင်ပြည်နယ် မာန်အောင်မြို့သို့ သွားရောက်က အလှူအတန်းများ ပြုလုပ်နေကြောင်း သိရှိရသည်။








ကျွန်တော် တောင်ကုတ်က အမျိုး တွေနဲ့လည်း တွေ့ချင်ပါတယ်။ ရခိုင်ပြည်နယ် အကုန်လုံးကို လာချင်ပေမယ့် သင်္ကြန်အတွက် ပြင်ဆင်စရာလေးတွေနဲ့ လက်ခံထားပြီးသား ပွဲလေးတွေရှိလို့ မွေးရပ်မြေ မာန်အောင်မြို့မှာပဲ ကွယ်လွန်သွားတဲ့မိဘနှစ် ပါးအတွက် ရည်စူးပြီး အလှူလုပ်ပေးရင်း ကျွန်တော်ချစ်ရတဲ့သူ အားလုံးနဲ့ပဲ ပရဟိတ တစ်ခုခုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်။ တခြားမြို့တွေကို လောလောဆယ် မလာနိုင်ခဲ့တာကိုတော့ နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။ သင်္ကြန်ပြီးတာနဲ့ ကျွန်တော် အချိန်ရရင် ရသလို အားလုံးနဲ့တွေ့ဖို့ စီစဉ်ပါ့မယ်ဗျ
ဟု သားငယ်၏လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။





