BEC-TERO TV

အမြန်ရထားနှင့် လူသွားစင်္ကြန်အကြား ရထားလမ်းကူးမိသူတစ်ဦး ညပ်မိနေ ရုပ်/သံ

28 Mar 2017     1,705 Views


ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရုပ်နိုင်ငံရှိ ရထားဘူတာတစ်ခုတွင် လူငယ်အမျိုးသားတစ်ဦးက စင်္ကြန်ပလက်ဖောင်းတစ်ခုမှ အခြားစင်္ကြန်တစ်ခုသို့ လမ်းလျှောက်ကူးစဉ် ရထားဘူတာသို့ ဆိုက်လာသည့်အချိန်နှင့် တည့်တည့်တိုးကာ ရထားတွဲနှင့် ပလက်ဖောင်းစင်္ကြန်အကြား ညပ်မိနေခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။
 
အမျိုးသား၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ ရထားနှင့်ပလက်ဖောင်းကြားတွင် ညပ်နေခဲ့ပြီး မကြာမီနေရာမှမှာတင် သေဆုံးသွားခဲ့သည်။ မသေဆုံးမီ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာကာ စိတ်အားတင်းထားရန် ဝိုင်းဝန်းနှစ်သိမ့်ကြပြီး ပလက်ဖောင်းစင်္ကြန်ကို တူးထုတ်ပြီး ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း ညပ်မိနေသောနေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
 
ဗီဒီယိုတွင် စိတ်မချမ်းမြေ့စရာမြင်ကွင်းများ ပါဝင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
 

28 Mar 2017     1,705 Views




RELATED

Most Popular of Special or Others

Most Popular of NEWS