BEC-TERO TV

အရွယ်နှင့်မလိုက်အောင် ဂီတာတီး ပါရမီထူးချွန်ပြောင်မြာက်သည့်ကလေး

28 Mar 2017     1,745 Views


အသက်က (၁၃ နှစ်)သာ ရှိသေးပြီး ဂီတာတီးတဲ့နေရာမှာတော့ အံ့မခမ်းလောက်အောင် ထူးခွန်ပြောင်မြောက်တဲ့ ပါရမီရှင်တစ်ဦးဖြစ်ပါတယ်။
 
တရုပ်နိုင်ငံ ဂန်ဆူးဒေသရှိ ဘရင်မြို့မှာနေထိုင်တဲ့ လျှိုကြာကြွ ဆိုတဲ့ ကလေးငယ်ငယ်ဟာ အသက် ၄ နှစ်အရွယ်မှာ ကီးဘီးတီးနည်းကို စတင်သင်ယူခဲ့ပြီး အသက် ၇ နှစ်အရွယ်မှာတော့ သူ့ရဲ့ ဦးလေးဆီကနေ ဂစ်တာတီးတာကို စတင်သင်ယူခဲ့ပါတယ်။ ဦးလေးဖြစ်သူကလည်း သူ့တူလေးမှာ ပါရမီရှိလောက်တယ်ဆိုပြီး သင်ကြားပြသပေးခဲ့ပါတယ်။
 
သူ့ရဲ့အထင်ဟာ လုံးဝမှန်ကန်ခဲ့ပြီး လျှိုဟာ အွန်လိုင်းဗီဒီယိုသင်ခန်းစာတွေကနေတစ်ဆင့် ဂစ်တာတီးနည်းကို အဆင့်မြှင့်ကာ ကိုယ်တိုင်လေ့လာ သင်ယူခဲ့ပါတယ်။ သူကိုယ်တိုင်တီးခတ်မှုတွေကို ဗီဒီယိုမှတ်တမ်းတင်ထားပြီး အွန်လိုင်းမှာ ချပြလိုက်တဲ့အခါမှာတော့ သူဟာ ခနခြင်းဆိုသလို နာမည်ကျော်ကြားသွားခဲ့ပါတယ်။
သူ့ရဲ့ တီးခတ်မှု့ အနုပညာကို ကြည့်ရှုပြီးတဲ့အခါ သင်ကိုယ်တိုင် ဝေဖန်ကြည့်ပါဦး..။ 
 
 
 
 
 
 
ကဲ.. ဘယ်လိုသဘောရလဲဆိုတာ မန့်ပေးခဲ့ကြပါဦး..။

28 Mar 2017     1,745 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment