ရန်ကုန်မြစ်ကြောင်းတစ်လျှောက် Water Taxi ပြေးဆွဲရန် သဘောတူစာချုပ် လက်မှတ်ရေးထိုး
29 Mar 2017 1,506 Views

ရန်ကုန်မြစ်ကြောင်းတစ်လျှောက်တွင် ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း (Water Taxi) ပြေးဆွဲလုပ်ဆောင်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် Water Taxi တင်ဒါအောင်မြင်ခဲ့သော Tint Tint Myanmar Group of Companies ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင် တို့တက်ရောက်၍ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း(Water Taxi) နှင့်ပတ်သက်ပြီး လုပ်ဆောင်ထားသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ဒေါ်တင့်တင့်လွင်မှ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Credit: MyanmarTelegraphWeekly