ဘီလီလမင်းအေးကို မင်းသမီးတင်ပြီး ရုပ်ရှင်ရိုက်ကူးမည့် ဒါရိုက်တာစတီးလ်
30 Mar 2017 1,905 Views

Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲရဲ့ First Runner Up ဆုရှင် ဘီလီလမင်းအေးကို အားမာန်ထုတ်လုပ်ရေးက တင်ဆက်ပြီး ဒါရိုက်တာစတီး ပုံဖော်ရိုက်ကူးမည့် “လမ်းကြောင်း” ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်အဖြစ် ရွေးချယ် ကမ်းလှမ်းထားကြောင်း သိရှိရသည်။
"ဒီဇာတ်ကားတစ်ကားလုံးကတောင်ကြီးမှာသွားရိုက်မှာဖြစ်တဲ့အတွက်ဒေသခံတောင်ကြီးသူတစ်ယောက်လိုချင်နေတဲ့အချိန်မှာ ဘီလီလမင်းအေးကို သွားမြင်မိတယ်၊ အဲ့ဒါနဲ့ ပရိုဂျူဆာကိုပြောပြတော့ ပရိုဂျူဆာကလည်း သဘောကျတယ်၊ ဘီလီလမင်းအေး ကိုလည်း ဒီဇာတ်ကားအကြောင်းပြောပြတယ်၊ သူ့ကို စိတ်ဝင်စားလားမေးတော့ သူကလည်းစိတ်ဝင်စားတယ်၊ သရုပ်ဆောင်မလုပ်ဖူးဘူး လို့တော့သူကပြောတယ်၊ ဇာတ်လမ်းအရ သူက သူဌေးသမီးဂေါ်လီလေးပေါ့၊ သူနဲ့ ထွန်းထွန်း နဲ့တွဲမယ်၊ ဇာတ်လမ်းက အက်ရှင်ဇာတ်လမ်းပါ၊ ဒါက ကျွန်တော်ပထမဆုံးရိုက်မယ့် အက်ရှင်ကားဆိုလည်းမမှားပါဘူး" လို့ လမ်းကြောင်းရုပ်ရှင် နဲ့ ပတ်သတ်ပြီး ဒါရိုက်တာ စတီးလ် က မဟာအင်တာတိန်းမန့်ကို ပြောပြခဲ့သည်။
အဆိုပါဇာတ်ကားကို လာမည့် မေလတွင် စတင်ရိုက်ကူးပုံဖော်သွားမည်ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီမင်းမော်ကွန်း၊ နေမျိုးအောင်၊ ထွန်းကိုကို၊ ရွှေသမီးနဲ့ ဘီလီလမင်းအေးတို့ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သီချင်းဆိုပညာတွင် ထူးချွန်သကဲ့သို့ သရုပ်ဆောင်ပိုင်းမှာရော ဘယ်လိုထူးချွန်ဦးမလဲဆိုတာ “လမ်းကြောင်း” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့အခါ အကဲဖြတ်နိုင်ပါလိမ့်မယ်။ အောင်မြင်ပါစေ ဘီလှလမင်းအေးရေ..။
Ref:မဟာအင်တာတိန်းမန့်





