SAMSUNG GALAXY S8 နှင့် S8+ တွင် ၉၉ ဒေါ်လာတန် နားကြပ် အခမဲ့ပါဝင်မည်
30 Mar 2017 1,481 Views

Samsung ရဲ့ Galaxy S8 နဲ့ S8+ မှာ စွမ်းဆောင်ရည်မြင့် အသံအရည်အသွေး ထုတ်လုပ်ပေးနိုင်တဲ့ Harman AKG နားကြပ် အခမဲ့ ပါဝင်မယ်လို့ သိရပါတယ်။ Harman ရဲ့ AKG အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ နားကြပ်တွေကို သက်သောင့်သက်သာ တပ်ဆင်အသုံးပြုနိုင်ပြီး အိတ်ကပ်ထဲ ထည့်ထားတဲ့ အခါမှာလည်း ကြိုးရှုပ်ထွေးတဲ့ ပြဿနာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
နားကြပ်ရဲ့ စွမ်းဆောင်ပုံကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် AKG N60 NC လို့ခေါ်တဲ့ နားကြပ်ကတော့ CNET ရဲ့ ၂၀၁၇ ခုနှစ် အကောင်းဆုံး on-ear noise-canceling နားကြပ်ဆုကို ရရှိထားပါတယ်။ အဲ့ဒီနားကြပ်ကို Samsung ပရိသတ်တွေအတွက် ၉၉ ဒေါ်လာနဲ့ သီးခြားရောင်းချသွားမယ်လို့လည်း သိရပါတယ်။
Credit : internetjournal