BEC-TERO TV

ရဲအရာရှိကြီးအချို့ကို နေရာအပြောင်းအရွှေ့ပြုလုပ်ကြောင်းသိရ

31 Mar 2017     1,479 Views


ရေကြောင်းရဲတပ်ဖွဲ့ တပ်ဖွဲ့ မှူးရဲမှူးချုပ်မြ၀င်းကို သတင်းရဲ တပ်ဖွဲ့၏ တပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့ခန့်ထားပြီး မန္တလေးတိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန် ထွန်းကို စည်ပင်သာယာရဲတပ်ဖွဲ့ မှူး(နေပြည်တော်)အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီးတင်ဝင်းက ပြောကြား သည်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန်ထွန်း နေရာတွင် မှုခင်းရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး ရဲမှူးကြီးအောင်စိုးဝင်းက အစားထိုးတာဝန်ယူမည် ဖြစ်သည်။

လက်ရှိ ဧရာဝတီတိုင်းဒေသ ကြီး တပ်ဖွဲ့မှူးရဲမှူးကြီးထွန်းမင်း သည် သက်ပြည့်ပင်စင်ဖြင့် အနား ယူမည်ဟု သတင်းရရှိသည်။ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဒုတိယတိုင်းတပ်ဖွဲ့မှူး ရဲမှူးကြီးရဲမြင့်က ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

Credit : 7daydaily

ဓာတ်ပုံ…. ပုံဖော်မှုမျှသာ


31 Mar 2017     1,479 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS