BEC-TERO TV

လူနာကိုခွဲစိပ်နေရင်း ကိုယ်လုံးတီးချွတ် လူနာကို လှောင်ပြောင်ခဲ့လို့ ဆရာဝန် သူနာပြုများအား အလုပ်ထုတ် ရုပ်/သံ

31 Mar 2017     2,593 Views


ခွဲစိပ်ခန်းအတွင်း ခွဲစိတ်ခံရန် ကိုယ်လုံးတီးချွတ်ဖြစ်၍ သတိမေ့မျောနေသော လူနာကို ဆရာဝန်နှင့် သူနာပြုဆရာမများအပါအဝင် ကျန်မာရေးဝန်ထမ်း ငါးဦးက အပြောင်အပျက်သဘောနှင့် ပတ်ချာလည်တွင် မြူးထူးကခုန်ကာ ရယ်သွမ်းသွေးခဲ့ကြသည့် ဗီဒီယို အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့ပြီးနောက် အဆိုပါဝန်ထမ်းများ အလုပ်မှ ထုတ်ပစ်ခံခဲ့ရပါတယ်။
 
ယခုလို အပြုမူမျိုးလုပ်နေသည့် ဗီဒီယိုထွက်ရှိလာခဲ့ခြင်းက ကျန်းမာရေးဆိုင်ရာ စောင့်ထိန်းရမည့် ကျင့်ဝတ်များကိုဖောက်ဖျက်ရာကျသည့်အတွက် အလုပ်မှ ထုတ်ပစ်ခဲ့ကြောင်း အာဏာပိုင်များက ဆိုပါတယ်။ အဆိုပါ ဗီဒီယိုဟာ အွန်လိုင်းမှာ လျှင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး ရှုံ့ချဝေဖန်မှုတွေ မြင်းထန်ခဲ့ပါတယ်။
 
လူနာတိုင်းရဲ့ ဂုဏ်သိက္ခာနဲ့ လေးစားမှုကို တန်ဖိုးထားခြင်းက ကျွန်တော်တို့ဆေရုံရဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပရော်ဖက်ရှင်နယ် ကျန်းမာရေးဝန်ထမ်းတွေက ဒီလိုအပြုအမူမျိုးကို ကျွန်တ်ာတို့ဆေးရုံရဲ့ ခွဲစိပ်ခန်းထဲမှာ လုပ်ခဲ့တဲ့အတွက် အများကြီး စိတ်မကောင်းဖြစ်ရပါတယ်၊ အဲဒီအတွက်လည်း နောင်တရမိပါတယ်” ဟု ဆေးရုံ၏ အကြီးအကဲဖြစ်သူက တောင်းပန်ပြောကြားခဲ့သည်။
 

31 Mar 2017     2,593 Views




RELATED

Most Popular of Special or Others

Most Popular of NEWS