တောင်ကိုရီးယား သံသတ္တုရိုင်းသင်္ဘော အတ္တလန္တိတ်သမုဒ္ဒရာထဲ ပျောက်ဆုံးနေ
03 Apr 2017 1,512 Views

ကမ်းခြေကနေ ကီလိုမီတာ ၂၅၀ဝ အကွာ တောင်အတ္တလန္တိတ်သမုဒ္ဒ ရာထဲကနေ နောက်ဆုံးသတင်းပေးပို့ခဲ့ပြီး နောက် တောင်ကိုရီးယားသင်္ဘောတစ်စင်း ပျောက်ဆုံးနေကာ သင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့သင်္ဘောသား ၂၂ ဦးရဲ့အခြေအနေကိုလည်း သတင်းမရဘဲဖြစ်နေတယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ တနင်္ဂနွေနေ့သတင်းတွေအရ သိရပါတယ်။ ပျောက်ဆုံးနေတဲ့ သင်္ဘောသား ၂၂ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။
သည်ထဲက ရှစ်ဦးဟာ တောင်ကိုရီးယား နိုင်ငံသားတွေ ဖြစ်ပြီး ၁၄ ဦးက ဖိလစ်ပိုင် နိုင်ငံသားတွေ ဖြစ်ကြတယ်လို့ တောင်ကို ရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့တာဝန်ရှိသူက ဖုန်းကတစ်ဆင့် ပြောပါတယ်။ ဘူဆန်အခြေစိုက် တောင်ကိုရီးယား နိုင်ငံပိုင် Polaris Shipping က ပိုင်ဆိုင် တဲ့သံသတ္တုရိုင်းတင်သင်္ဘောကြီး Stellar Daisy ဟာ သံသတ္တုရိုင်းတွေ တင်ဆောင် ပြီး ဘရာဇီးကနေ တရုတ်ကို ခုတ်မောင်းလာတာဖြစ်ပါတယ်။ သောကြာနေ့မှာ သင်္ဘောကသင်္ဘောကုမဏီထံကို အခက် အခဲကြုံတွေ့နေရကြောင်း အချက်ပြခဲ့တယ်လို့ ယွန်ဟပ်က ဆိုပါတယ်။
Credit : kumudranews






