BEC-TERO TV

သူနာပြုဆရာမကို တုတ်ကိုင်ပြီး သောင်းကျန်းခဲ့တဲ့ တိုက်နယ်အရာရှိဆရာဝန်

03 Apr 2017     7,240 Views


ဂျူတီအချိန်သတ်မှတ်ချက် ပုံမှန်မဟုတ်တဲ့အတွက် ပြန်လည်၍ ညှိနှိုင်းပေးရန် သူနာပြုဆရာမတစ်ဦးမှ တိုက်နယ်ဆေးရုံမှ အထက်အရာရှိ ဆရာဝန်ထံသို့ တင်ပြတောင်းခံရာ ဆရာဝန်မှ ဒေါသအိုးပေါက်ကွဲလျှက် တုတ်ရှည်တစ်ချောင်းဆွဲကာ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ခဲ့သည့် ဗီဒီယို လူမှုကွန်ယက် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါဆေးရုံမှ သူနာပြုဆရာမလေးများ ဂျူတီဆင်းရန်ပင် ကြောရွံ့နေကြကြောင်း သိရှိရသည်။
 
ဗီဒီယိုတွင် ပါဝင်သော ဆရာဝန်မှာ လူမှုကွန်ယက်တွင် Myo Thwin ဟု သိရှိရပြီး မြိတ်ထားဝယ်သားတစ်ဦးဖြစ်ကာ မြန်မာစကားကိုပင် ပီသအောင် မပြောဆိုနိုင်သူ ဖြစ်သည်။ ယင်းဆရာဝန်မှာ သူနာပြုဆရာမနှင့် စကားပြောနေစဉ် နိုင်ငံတော်ပိုင်၊ ဆေးရုံးပိုင်ပစ္စည်းဖြစ်သည့် တယ်လီဖုန်းကို ရိုက်ခွဲခြင်း၊ စာရွက်စာတမ်းများအား လွှင့်ပစ်သောင်းကျန်းခြင်းတို့ကို တွေ့ခဲ့ရပြီး နာက်ဆုံးတွင် တုတ်ရှည်တစ်ချောင်းကို ဆွဲလာကာ ၎င်း၏ စားပွဲခုံအား ရိုက်၍ ဆရာမအား ဒေါသတကြီးနှင့် တုံ့ပြန် ပြောကားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
 
 
အဓိကဖြစ်စဉ်မှာ ဂျူတီချိန် မမျှတမှုကို ပြုပြင်ပေးရန်တောင်းဆိုခြင်း ဖြစ်ကြောင်း ဆရာမတစ်ဦး၏ ဖေ့စ်ဘွခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ပြီး အဆိုပါအဖြစ်အပျက်မှာ ကံပေါက်တိုက်နယ်ဆေးရုံ၊ ရေဖြူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။  
 

03 Apr 2017     7,240 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS