BEC-TERO TV

ဆေးအမျိုးမျိုးသောက်တော့မည်ဆိုက…..

03 Apr 2017     1,851 Views


မိမိသောက်မည့်ဆေးမှာ မည်သည့်ဆေးမျိုးဖြစ်သနည်း၊
 
ဥပမာ - အအေးမိနှာစေးချောင်းဆိုး၍ ဆရာဝန်က ဆေးပေးလိုက်သည်ဆိုပါက ထိုဆေးမှာ အကိုက်အခဲအတွက် သောက်ရခြင်းလော၊ နှာစေးအတွက်လော သို့မဟုတ် ချွဲပျော်ဆေးလော စသဖြင့် မည်သည့်ဆေးမျိုးဖြစ်၍ မည်သည့်ရောဂါ လက္ခဏာအတွက် သောက်ရခြင်း ဖြစ်သည်ကို သိသင့်သည်။
 
မည်သည့်အချိန်၊ မည်သို့သောက်သင့်သနည်း။
 
ဥပမာ - အချို့သောဆေးများမှာ အစာမစားမီ၊ အချို့မှာ အစာစားပြီး၊ အချို့မှာ နွားနို့၊ နို့ထွက်ပစ္စည်းများနှင့် တွဲမသောက်ရန်၊ နံနက် သို့မဟုတ် ည သောက်ရန် စသဖြင့်…
 
မည်မျှကြာကြာ သောက်သင့်သနည်း။
 
အချို့ဆေးမှာ လေးရက်၊ အချို့ဆေးမှာ စွဲသောက်ရန်။ ဥပမာ - ခေါင်းမူး၍ ဆရာဝန်ထံ သွားရောက်ပြသသည့်အခါ သွေးပေါင်တက်နေ၍ ဆရာဝန်ကသွေးကျဆေး ပေးလိုက်သည်။ သုံးရက်ခန့်သောက်ပြီး ပြန်လာရန် ပြောမည်။ လူနာက သက်သာသွား၍ ထပ်မသွားတော့။ မိမိနေကောင်းသွားပြီဖြစ်၍ ဆေးဆက်သောက်ရန်၊ ဆရာဝန်ထံ ပြန်ပြရန်မလိုဟု ယူဆသည်။ ဆရာဝန်ကလည်း မိမိထံ ပြန်လာမည်ထင်၍ သွေးကျဆေးအကြောင်း မရှင်းပြဖြစ်ခဲ့သည့် အခြေအနေဆိုပါက လူနာက ကောင်းစွာ နားမလည်။ သို့ဖြစ်၍ ဆရာဝန်က မမှာကြားသည့်တိုင် လူနာအနေဖြင့် ဆေးကိုမည်မျှကြာကြာ သောက်သင့်သည်ကို သိရန် ဆရာဝန်ကို မေးရပါမည်။
 
မည်သည့်ဆိုးကျိုး ရနိုင်သနည်း။
 
ဥပမာ - အချို့သောဆေးက ခေါင်းမူးစေသည် သို့မဟုတ် အိပ်ငိုက်စေသည် သို့မဟုတ် ရင်တုန်တတ်သည်၊ အာခြောက်တတ်သည်၊ အသည်းကို ထိခိုက်စေသည် စသဖြင့်…
 
ဆေးရပ်လိုက်ပါက မည်သို့ဖြစ်နိုင်မည်နည်း။
 
ဥပမာ - အချို့ဆေး (ပဋိဇီဝဆေး)များက ဆေးပတ်လည်အောင် သောက်ရန်လိုသည်။ ရပ်လိုက်ပါက ရောဂါအကင်းမသေ ပြန်ဖြစ်နိုင်သည်။ ဆေးယဉ်ခြင်း ဖြစ်နိုင်သည်။ အထူးသဖြင့် တီဘီရောဂါအတွက် အသုံးပြုရသောဆေးများစသဖြင့်…။ လူနာအနေဖြင့် သိထားသင့်ပါသည်။ သို့ဖြစ်၍ ဆေးတစ်မျိုးမျိုး သောက်ရလျှင် အထက်ပါအချက်များကိုသိရန် မိမိဆရာဝန်ကို မေးသင့်ပါသည်။
 
Credit : Health (Mg Mandalay)

03 Apr 2017     1,851 Views




RELATED

Most Popular of Health Fix

Most Popular of Life Style