BEC-TERO TV

အကယ်ဒမီ အမှတ်တရအဖြစ် သမီးလေးရဲ့နာမည်ကို “လဝန်းမေ” လို့ မှည့်လိုက်တဲ့ သက်မွန်မြင့်

04 Apr 2017     1,902 Views


ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ သက်မွန်မြင့်ရဲ့ ဒုတိယမြောက်သမီးလေးရဲ့ အမည်ကို “လဝန်းမေ” လို့ ပေးခဲ့ရတာ ထူးခြားတဲ့အကြောင်းတွေရှိပါတယ်လို့ သက်မွန်မြင့်က ပြောကြားခဲ့ပါတယ်။
 
 
 
"လဝန်းမေ" ဆိုတဲ့နာမည်က သက်မွန် အမျိုးသား ကိုစစ်နိုင်ပေးတာ။ ချင်းနာမည်က "San Mwai" လို့ သက်မွန်အမေ ပေးထားတယ်။ သက်မွန် က သူ့ကိုခွဲမွေးဖို့ due date လုပ်ထားတာ။ ဒါပေမဲ့ သူ့ due date မရောက်သေးဘဲ နဲ့ ဗိုက်နာပြီး သူ့ကို မွေးလိုက်တာ။ ပြီးတော့ သူ့ကိုမွေး တဲ့နေ့က လပြည့်နေ့ဆိုတော့ လဝန်းကတောင် ခစားတယ် ဆိုပြီး "လဝန်းခ" ပေးမလို့။ ဒါပေမဲ့ တွက်ချက်တဲ့အခါ မှာ "ခ" ပေးလို့ မရဘူး။ "မေ" ကျတော့ ကိုစစ်နိုင် က သက်မွန်ကို နောက်တယ်။ ဒီ "မိုးစက်မေ" ကာရိုက်တာနဲ့သာ အကယ်ဒမီ ရခဲ့ရင် သမီးလေး ကို "လဝန်းမေ" လို့ပဲ ပေးလိုက်တော့မယ်လို့ပြောတယ်။ ကိုယ်ကလည်း "မေ" ဆိုတဲ့ နာမည် ကာရိုက်တာနဲ့ အကျိုးပေးတယ်။ ပရိသတ်က လည်း "မေ"ပါတဲ့ကာရိုက်တာ နာမည်ကို တော်တော် မှတ်မိကြတယ်။ ပြီးတော့ ဒီနှစ် "မိုးစက်မေ" နဲ့ အကယ်ဒမီ ရတယ် ဆိုတာ အမှတ် တရ ဖြစ်သွားအောင် "လဝန်းမေ" ဆိုပြီး ပေးလိုက်တာပါ" လို့ ပြောပါတယ်။
 
 
 
ရက် ၁၀၀ ပြည့်ပြီဖြစ်တဲ့ သမီးလေးနဲ့ပက်သက်ပြီး သူ့ရဲ့ စရိုက်သဘာဝ ဘယ်လိုရှိလာမယ်ဆိုတာ မသိရသေးပေမယ့် မိခင်တစ်ယောက်အနေနဲ့ ပညာဉာဏ်ထက်မြတ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့ သမီးလေးဖြစ်စေချင်ကြောင်း ပြောဆိုခဲ့ပါတယ်။
 
 
Ref:popularnews
Photos:သက်မွန်မြင်(FB)

04 Apr 2017     1,902 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS