BEC-TERO TV

အရောင်းစာရေးမလေးတွေကို ရန်ပြုရိုက်နှက်တဲ့ ဗီဒီယိုအွန်လိုင်းတွင် လူပြောများနေ

05 Apr 2017     1,487 Views


ဧပြီလ ၃ ရက်နေ့က စင်ကာပူနိုင်ငံ ချုံဘာရူးပလာဇာရှိ OWNDAYS မျက်မှန်အရောင်းဆိုင်တစ်ခုတွင် အရောင်းစာရေးမလေးများအား စင်ကာပူနိုင်ငံသူ အိန္ဒိယနွယ်ဖွား အမျိုးသမီးက ရန်ပြုဆဲဆိုကာ ရိုက်နှက်ခဲ့တဲ့ ဗီဒီယို အွန်လိုင်းတွင် ဝေဖန်မှုများ ပြင်ထန်နေခဲ့ပါတယ်။
 
ဗီဒီယိုတွင် အမျိုးသမီးက အရောင်းစာရေး တရုပ်မလေးများအား ရိုက်ပုတ်ခြင်း၊ အင်္ကျီဆောင့်ဆွဲခြင်းတို့ကို ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့သည်။ အနီးနားမှ ဖြတ်သွားသူများမှ ဝင်ရောက်ဖြန်ဖြေသော်လည်း ဆက်လက် ဆဲဆိုကာ ရိုက်ပုတ်နေတာကို တွေ့မြင်ရသည်။ အရောင်းစာရေးမလေးများက မည်သို့မှ မတုံ့ပြန်ပဲ ရဲကိုသာ အကြောင်းကြားခဲ့ကြသည်။
နောက်ပိုင်တွင် ရဲများရောက်ရှိလာကာ အသက် ၄၅ နှစ်အရွယ် အဆိုပါအမျိုးသမီးအား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ဖြစ်ပျက်ရသည့် အကြောင်းအရင်းကို ဆက်လက်၍ စုံစမ်းနေဆဲဖြစ်သည်။
 
အဆိုပါဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် OWNDAYS ကုမ္ပဏီက ၎င်း၏ ဖေ့စ်ဘွခ်စာမျက်နှာမှနေ၍ ဝိုင်းဝန်းစာနာပေးကြသော ပရိသတ်ကို ကျေးဇူးတင်ကြောင်းနှင့် ကုမ္ပဏီဝန်ထမ်းများ၏ သီခံနိုင်မှုစွမ်းအားမှာ အလွန်ကြီးမားတာကိုတွေ့ရှိခဲ့ရတဲ့အတွက် ဝန်ထမ်းများကို ချီးကျူးဂုဏ်ယူပါကြောင်း ရေးသားခဲ့သည်။
 

05 Apr 2017     1,487 Views




RELATED

Most Popular of Special or Others

Most Popular of NEWS