BEC-TERO TV

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲသတင်းကြေညာချက်

05 Apr 2017     1,404 Views


(၂) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ (၂) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “န” အက္ခရာထိ အက္ခရာလုံးရေ (၂၀)နှင့် အရန်ထီ “ကင” အက္ခရာမှ စတင်၍ အစဉ်လိုက် ဆက်လက်ရောင်းချပေးလျက်ရှိပါတယ်။

အထူးသတိပြုရန်မှာ ၂၀၁၇ ခုနှစ်၊ မေလ ၁ ရက်တွင် ဖွင့်လှစ်မည့် (၂) ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်များမှာ (၁)ကြိမ်မြောက်တွင် ရောင်းချပြီးဖြစ်သော အောက်ပါအရန်ထီ အက္ခရာများ ပါဝင်မဟုတ်ကြောင်းကြေငြာအပ်ပါသည်။ထီလက်မှတ် လိမ်လည်ရောင်းချမှုများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ထီထိုးသူများ အထူးသတိပြု ၀ယ်ယူကြပါရန် လေးစားစွာအသိပေးအပ်ပါသည်။

အောင်ဘာလေသိန်းဆုဌာနခွဲ


05 Apr 2017     1,404 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS