ဓါတုဗေဒအဆိပ်ငွေ့နဲ့ တိုက်ခိုက်ခံခဲ့ရတဲ့ သနားစရာကလေးငယ်များရုပ်/သံ
06 Apr 2017 1,731 Views

ဓါတုဗေဒအဆိပ်ငွေ့ တိုက်ခိုက်ခံရမှုကြောင့် ဆီးရီးယားမှာ ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး လူ ၇၂ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၅၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။


အဆိပ်ငွေ့သင့်ခဲ့သူတွေဟာ နေရာမှာတင် လဲကျပြီး ပါးစပ်ကနေ အမြုတ်ထွက်ခါ အဆိပ်သင့်ဒဏ်ခံစားခဲ့ရပါတယ်။

ဆီးရီးယားအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ပြည်တွင်းစစ်ဖြစ်နေတာ ခြောက်နှစ်ကျော်မျှကြာခဲ့ပြီး ယခုလိုအပြစ်မဲ့ ပြည်သူတွေ စစ်ဘေးဒဏ်ခံစားခဲ့ကြရတာဖြစ်ပါတယ်။
ယခုလိုပြည်သူတွေ တိုက်ခိုက်ခံရမှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် အနောက်နိုင်ငံ ခေါင်းဆောင်များက ဆီးရီးယားအစိုးရကို ဝိုးဝန်းပြစ်တင်ပြောဆိုခဲ့ပါတယ်။






