BEC-TERO TV

ငွေကြေးအလွဲသုံးစားပြုကာ အိမ်မီးရှို့ခဲသော ဘဏ္ဍာရေးမှူးအား ဖမ်းဆီး

06 Apr 2017     1,371 Views


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ငါးမြစ်ချင်းကျေးရွာတွင် နေအိမ်မီးလောင်ရာမှ အစိုးရပိုင် မြစိမ်းရောင်ကျေးရွာရံပုံငွေ(၃၂၄)သိန်း မီးလောင်သွားခဲ့တယ်ဟု ပြောဆိုသူ ဘဏ္ဍာရေးမှူးအား မသင်္ကာသဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရှိရသည်။
 
 
ဧပြီလ ၅ ရက်နေ့ ညပိုင်းက ငါးမြစ်ချင်းကျေးရွာတွင် နေထိုင်သူ မြစိမ်းရောင်ကော်မတီ ဘဏ္ဍာရေးမှူး ဦးကျော်လွင်ဦး၏ နေအိမ် မီးဖိုခန်းရှိ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်းခဲ့ရာမှာ ဘဏ္ဍာငွေ ကျပ်သိန်း ၃၀၀ ကျော်မီးထဲပါသွားကြောင်း ပြောဆိုခဲ့သည်။
 
 
မီးလောင်ရာသို့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်ပြင်တွင် တွေ့ရှိရသော သံသေတ္တာထဲတွင် မီးလောင်ထားသည့် စာရွက် စာတမ်းများနှင့် ငွေစက္ကူ စုစုပေါင်းကျပ်(၇)သိန်းကျော်ကိုသာ တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
 
 
အဆိုပါ ဖြစ်စဉ်ကြောင့်  မြစိမ်းရောင် ချေးငွေကော်မတီဘဏ္ဏာရေးမှူးက နိုင်ငံတော်ပိုင်ငွေကြေးကိုအလွဲသုံးစားပြုပြီး နေအိမ်အားမီးလောင်ကျွမ်းအောင်ပြုခဲ့ခြင်းဖြစ်တယ်ဟု ဆိုကာ မြို့နယ်ကျေးလက်ဦးစီးဌာနဦးစီးမှူးက တရားလိုပြုလုပ် တိုင်ကြားခဲ့သည့်အတွက် ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ဦကျော်လွင်ဦးကို ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။
 
source:5PlusNews

06 Apr 2017     1,371 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS