BEC-TERO TV

ပြတင်းပေါက်က ထွက်ကျတော့မယ့်ကလေးကို ပခုံးထမ်းကယ်တင်ခဲ့သူ ရုပ်/သံ

06 Apr 2017     1,704 Views


ကလေးမလေးတစ်ဦး ပြတင်းပေါက်ဘောင်ပေါ်သို့ တက်ကစားရင် ကာရံထားသော သံပန်းများကြားမှ ချော်ကျကာ ညပ်နေခဲ့သည်ကို ကောင်လေးတစ်ယောက်က ပခုံးထမ်းကာ ဝင်ရောက် ကူညီကယ်ဆယ်ခဲ့သည့် ဗီဒီယို အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။
 
 
မီးသတ်သမားများက လာရောက်ကယ်ဆယ်ခဲ့ရာ ကလေးမလေးမှာ ညပ်နေသဖြင့် ဆွဲတင်၍ မရ ဖြစ်နေစဉ် ဖြတ်သွားဖြတ်လာ လူငယ်လေးတစ်ဦးက အိမ်အပြင်ဘက် အမိုးပေါ်မှ တက်ကာ ကလေးမလေးအား ပခုံးထမ်း ပင့်တင်ပေးခဲ့တာကို ဗီဒီယိုတွင် တွေ့ခဲ့ရသည်။ ကလေးမလေးအား ကယ်ဆယ်ပြီး အဆိုပါလူငယ်မှာ ချက်ခြင်းပင် ထွက်ခွာသွားခဲ့သည်။ လူမှုရေးအသိစိတ်ပြည့်ဝသော လူငယ်အား ဝိုင်းဝန်းချီးကျူးလျှက်ရှိကြသည်။
 

06 Apr 2017     1,704 Views




RELATED

Most Popular of Special or Others

Most Popular of NEWS