BEC-TERO TV

တရုတ်နိုင်ငံတွင် ငွေကြေးလိမ်လည်နေသော တရုတ်နိုင်ငံသား ၃၇၀ ကို ‘ဝ’ဒေသ၌ဖမ်းဆီး

07 Apr 2017     1,803 Views


‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆန်းမြို့တွင် ယာယီလာ ရောက်နေထိုင်သော အမျိုးသား အများစုပါဝင်သည့် တရုတ်နိုင်ငံ သား ၃၇၀ ဦးကို တရုတ်နိုင်ငံ ရဲ တပ်ဖွဲ့နှင့်ပူးပေါင်းကာ ဧပြီ ၂ ရက်က ဖမ်းဆီးခဲ့ကြောင်း UWSA လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတိယတာ ဝန်ခံ ဦးညီရန်းကပြောကြားသည်။

‘‘ယူနန်ပြည်နယ် ရဲဗျူရိုအ ဖွဲ့နဲ့ ကျွန်တော်တို့ ‘ဝ’ရဲတပ်ဖွဲ့ ပူး ပေါင်းပြီး လေးလပိုင်း ၂ ရက် ညသန်းခေါင်မှာ ပူးပေါင်းပြီး ဖမ်း တာ။ ဖမ်းတာ ‘ဝ’တပ်ဖွဲ့တွေ၊ ‘ဝ’ ရဲတွေ ဖမ်းတာပေါ့။ သတင်းပေး တာက တရုတ်က သတင်းပေးတာပေါ့။ သူတို့ရဲ့လုပ်ငန်းအောင်မြင် ဖို့အတွက် ကျွန်တော်တို့ဘက် ခေတ္တလာနေပြီးတော့ တရုတ် ပြည်ကို ပြန်ပြီးမှ လိမ်လည်တဲ့ အဖွဲ့ဖြစ်တယ်’’ဟု ၎င်းက ပြော သည်။

အဆိုပါ တရုတ်နိုင်ငံသား ၃၇၀ သည် သက်ကြီးရွယ်အိုများ ကို ပစ်မှတ်ထားကာ ကံစမ်းမဲ များအကြောင်းပြ လိမ်လည်ပြီး အမှုပေါင်း ၁,၀၀၀ ကျော် ကျူးလွန်ခဲ့သည်ဟု သိရကြောင်း ဦးညီရန်းက ဆိုသည်။ ဖမ်းဆီးထားသူများကို တ ရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ အပ်နှံလိုက် ပြီဖြစ်ကြောင်း UWSA မှ သတင်းရရှိပြီး ယင်းဖြစ်စဉ်ကို မသိသေး ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ‘ဝ’ရဲတပ် ဖွဲ့သည် မြန်မာနိုင်ငံသားများနှင့် သက်ဆိုင်သော အမှုဖြစ်စဉ်များ တွင် ပူးပေါင်းဆောင်ရွက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မိန်းကလေးအချို့ကို လားရှိုးတွင် အလုပ်ရမည်ဟု လူပွဲစားက လိမ်ညာကာ ပန်ဆန်းမြို့၌ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သောအမှုကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့နှင့် ‘ဝ’ ရဲတပ်ဖွဲ့တို့ ၂၀၁၇ နှစ်ဆန်းက ပူးပေါင်းဖော်ထုတ်ခဲ့ ဖူးသည်။

Credit : 7daydaily


07 Apr 2017     1,803 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS