BEC-TERO TV

ကလေးထိန်းရင်း တာဝန်ထမ်းဆောင်သည့် လမ်းပြပုလိပ် (ရုပ်သံ)

07 Apr 2017     1,507 Views


လမ်းပျောက်နေတဲ့ ကလေးတယောက်ကိုထိန်းရင်း ကားတွေကို ညွှန်ကြား ရှင်းလင်းနေတဲ့ လမ်းပြပုလိပ်တယောက်ရဲ့ ရုပ်သံဖိုင် တရုတ်နိုင်ငံမှာ ပျံ့နှံ့ကျော်ကြားနေပါတယ်။ တရုတ်နိုင်ငံ၊ ချန်ကင်းမြို့က ရန်ရန်းအရပ်မှာ ပန်ကွန်းဆိုတဲ့ လမ်းပြပုလိပ်တယောက် မတ်လ ၃၁ ရက်နေ့က ယာဉ်အသွားအလာများတဲ့လမ်းပေါ် ကလေးချီရင်း လမ်းရှင်းနေတာကို စီစီတီဗွီကင်မရာကတဆင့် ဖမ်းယူရရှိတာပါ။ မနက်ပိုင်းရုံးသွားချိန် ကားတွေကြား လမ်းပျောက်နေပုံရတဲ့ ကလေးကို တွေ့ခဲ့တာလို့ လမ်းပြပုလိပ် ပန်ကွန်းက ပြောပါတယ်။

“ယာဉ်ကြောက အရမ်းရှုပ်နေပြီး အရမ်းလည်း အန္တရာယ်များတယ်၊ အသက် ၄ နှစ်လောက်ပဲ ရှိသေးတဲ့ကလေးက ဘာဖြစ်နေတယ်ဆိုတာ သိဖို့ အရမ်းငယ်သေးတယ်” လို့ ဆိုပါတယ်။

ယာဉ်ကြောသိပ်ရှုပ်တဲ့အချိန်ဖြစ်လို့ လမ်းပြပုလိပ် ပန်က ဂျူတီလည်း မဖြုတ်နိုင်ဘဲ ကလေးကို ချီပြီး သူ့တာဝန်ကို ဆက်လက်ဆောင်ရွက်နေတာပါ။ “ဒီမနက် အလုပ်သွားချိန် ကားလမ်းရှုပ်ချိန်ဆိုတော့ တာဝန်က မပြီးဘူး။ ကလေးကိုချီထားပြီး လမ်းဆက်ရှင်းနေရတယ်။ ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို အကြောင်းကြားရတယ်” လို့ ပန်ကွန်းက ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရုံးက ကလေးရဲ့မိခင်ကို ဆက်သွယ်နိုင်ပြီး ကလေးက အန္တရာယ်ကင်းစွာ မိခင်နဲ့ လိုက်ပါသွားတယ်လို့ သိရပါတယ်။

Credit : burmese.dvb.no


07 Apr 2017     1,507 Views




RELATED

Most Popular of Special or Others

Most Popular of NEWS