BEC-TERO TV

ကားလက်မှတ်ဈေးနှုန်းတင်ရောင်းသည့် အဝေးပြေးယာဉ်လိုင်းများအား ဒဏ်ငွေရိုက်မည်

07 Apr 2017     1,550 Views


သင်္ကြန်ကာလတွင် ကားလက်မှတ်ဈေးနှုန်း တင်ရောင်းသည်ဟု တိုင်ကြားခံထားရသော အဝေးပြေးယာဉ်လိုင်းများအား ဒဏ်ငွေရိုက်ကာ အရေးယူမည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးကော်မတီထံမှ သတင်းရရှိသည်။
 
နှစ်စဉ်သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ ကြန့်ကြာမှုမရှိစေရန် ကော်မတီမှ တာဝန်ရှိသူများကိုယ်တိုင် ကားဝင်းအတွင်း လက်မှတ်ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးနှုန်းတက်ကာ ရောင်းချနေသည့် ယာဉ်လိုင်းမျာကို တွေ့ရှိပါက ကားဝင်းဝင်ပေါက်အနီးရှိ ရ.ယ.က ရုံးတွင် တိုင်ကြားနိုင်ကြောင်း သိရှိရသည်။
 
သင်္ကြန်ကာလအတွင်း ကားလက်မှတ်များကို သုံးရက်ကြိုတင်ရောင်းချပေးလျှက်ရှိပြီး ကိုယ်တိုင်လာရောက်ဝယ်ယူသူများကို ဦးစားပေးရောင်းချသွားမည်ဖြစ်ကာ တစ်ဦးလျှင် တစ်စောင်နှုန်းသာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
Source:မြစ်မခမီဒီယာ
 

07 Apr 2017     1,550 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS